"အာရီဂူးမေမေ့သားကပိုကြည့်ကောင်းလာတယ်"
"အာမေမေကလည်း သားကိုလွမ်းနေကြတာမလား"
"ဒါပေါ့ရှင် သားလည်းအိမ်ပြန်လာခဲ့ဉီးလေ မလာတာကြာပြီ"
"သားသိပါတယ် ဒီတစ်လစာမေးပွဲပြီးရင်တော့ သေချာပေါက် လာခဲ့ပါ့မယ်"
သူငယ်ချင်း အိမ်မှာစာသွားလုပ်ရင်းပြန်လာတော့ ဧည့်ခန်းထဲမှာ အကိုဖြစ်သူနဲ့ vc ပြောနေတဲ့မေမေ
ချက်ခင်းပဲသူ့ကိုမြင်တော့"သား မင်းအကိုနဲ့ပြောဉီးမလား"
"ဟုတ်"
ဂျောင်ကု လက်ထဲကိုဖုန်းထည့်ပေးသွားပြီးအေးဆေးပြောနေဆိုသည့်သဘောနှင့် ပုခုံးပုတ်ပေးကာ ဧည်ခန်းထဲကပြန်ထွက်သွားသည်
"Hyung"
"အာ ဂျောင်ကု ဘာလဲHyungကို လွမ်းနေပြီလား"
"အင်းလွမ်းတာပေါ့ Hyung ကပြန်မှမလာတာကို"
နှုတ်ခမ်းလေးဆူပြီးပြောလိုက်တဲ့ကောင်လေးဟာ ချစ်စရာကောင်းလိုက်လေခြင်း
"ဟုတ်ပါပြီ ငါတို့ဂျောင်ကုလေးက ကောင်းကောင်းကြီးပြင်းလာတာပဲ ရုပ်တွေတောင်ပြောင်းလို့ ပိုပြီးတော့လည်း ကြည့်ကောင်းလာတယ်"
"ဟီးဟီး ဒါမဲ့ Hyung ကတော့ပိုသာတယ်"
"အာ ဒီကောင်လေးကတော့မင်းကောင်မလေးတွေရနေပြီလား"
"ရစရာလား Hyung သာအဓိက မေမေမရှိတော့ လုပ်ချင်တာလုပ်နေမှာ"
"နာတော့မယ် ကောင်ဆိုးလေး"
"ဟားဟား Hyung ကို ချစ်ပေးမယ့်သူမရှိဘူးမလား ဘလာ ..ဘလာ ..ဟားဟား.."
ဖုန်းရှေ့ချပြီး ထရယ်လိုက် ပြောင်စပ်စပ်တွေလုပ်လိုက်နဲ့ ဟန်ကျနေတဲ့ဂျောင်ကုကို မေမေတစ်ယောက်ကတော့ ကြည့်ပြီး မနိုင်ဘူးဆိုတဲ့ သဘောနဲ့ခေါင်းတရမ်းရမ်း
"မလိုပါဘူး Hyung ကို မင်းချစ်ပေးနေတာပဲမလား"
"......."
ခေါင်းလေးငုံ့ပြီး အသံသေးသေးလေးနဲ့ပြောလိုက်တဲ့ ဂျီမင်းဘက်က သဘောရိုးနဲ့ပြောလိုက်ပေမယ့် ဒီဘက်ကလူကတော့ ရင်ထဲမှာ ဗြောင်းဆန်ကုန်တာပဲ တစ်ကယ်ပဲ Hyung ကျွန်တော့ကို မရိုးသားအောင်လုပ်နေတော့တာပဲ
ဘယ်ဘက်နားက သာမာန်အလုပ်လုပ်နေတဲ့ အရာလေးကတော့ အဆမတန်လျှင်မြန်စွာ ပို၍အလုပ်လုပ်နေရဲ့
