TURQUOISE (5)

1.2K 163 0
                                    

"ဂျီမင်း"

"ဝိုး..ယောင်းမင်းစွန်လာတာလား"

ကျောင်းရောက်တာဖြင့်မကြာသေးဘူးကန်တင်းခဏဆိုပြီးထွက်သွားတာပြန်လာတေ့ လက်ထဲမှာ မုန့်ကတစ်ဖက် ပန်းစည်းကတစ်ဖက်နဲ့မို့ ကိုယ်တောင်အံသွားတာအမှန် ပုံမှန်ဆိုယောင်းကအဲ့လိုရှုပ်ရှုပ်ရှက်ရှက်တွေကိုလက်ခံတတ်တာမှမဟုတ်တာ..

"ဘယ်ရသာ မင်းအတွက်"

"ဟမ် ငါ့အတွက်"

"သြော် ဒီမှာစာ"

ခရမ်းနုရောင်စာအိတ်လေးကိုလက်ထဲထိုးပေးလိုက်ရင်း ဘေးနားဝင်ထိုင်ပြီးအစားမပြတ်တာတာကြောင့် ပေတံနဲ့ကျောကိုရိုက်ပေးလိုက်တော့တယ်

"ဘာလဲဟ"

"ဘယ်သူ့ဟာကြီးတုန်း"

ပန်းစည်းကြီးတစ်ဖက် စာအိတ်ကြီးတစ်ဖက်ကိုင်ရင်း ပြူးပြူးပြဲပြဲမေးလာတဲ့ကောင်က တစ်ကယ်ပဲဒီအခြေအနေနားမလည်တာလား

"သိချင်စာဖတ်ကြည့်"

"မင်း!!"

ဟိုဘက်ပြန်လှည့်ကာမုန့်ဆက်စားနေတဲ့အကောင်ကိုပြန်မပြောချင်တော့တာကြောင့် စာအိတ်ကိုဖွင့်ကြည်ဖို့လုပ်လိုက်တော့တယ်

ခါတိုင်းပက်ဂျီမင်းတို့တစ်ခုခုများဆိုသူကအရင်ဆရာကြီးလိုလိုဘာကြီးလိိုလို ခုကျတော့လည်းမုန့်တောင်အစားမပျက် နေနိုင်တာကြီး.

ခရမ်းနုရောင်စာအိတ်လေးကိုဖွင့်ကြည့်တော့အ ဉီးဆုံးထွက်လာတာ ခပ်နွမ်းနွမ်းသစ်ရွက်လေးတစ်ရွက် နောက်ပြီး ခပ်ဝိုင်းဝိုင်းရေးထားတဲ့လက်ရေးတစ်ချို့

*နေ့လည်ခေါင်မိုးထပ်မှာတွေ့ပြီးတစ်ခါလောက်စကားပြောရအောင်*

အမ် စကားပြောချင်တာရိုးရိုးခေါ်လို့ရတာကို စာတစ်တန်ပေတစ်တန်နဲ့ ပန်းစည်းကလဲပါသေး သစ်ရွက်ကြီးကရော ဘာလားဟ

ယောင်းကိုကြည့်တော့ မဆိုင်သလိုနဲ့ မုန့်စားနေတာကြောင့် ပန်းစည်းနဲ့နာရင်းအုပ်ပေးပစ်လိုက်တယ် နေနိုင်ဉီးဟာ အဲ့လောက်တောင်ပဲ..

"ဘာတုန်း"

"ဘယ်သူပေးတာလဲ မင်းယူလာတာမင်းသိတယ်မလား ဒီမှာလေ"

𝐓𝐮𝐫𝐪𝐮𝐨𝐢𝐬𝐞Where stories live. Discover now