TURQUOISE (8)

1.3K 145 2
                                    

"သား ဘယ်တုန်းစောစောစီးစီး"

ဖိနပ်စီးနေရင်းနောက်ကနေရုတ်တရက်မေးလိုက်တာကြောင့် လိမ်လည်းမလိမ်ချင်တာနဲ့အမှန်တိုင်းပြောပြရတော့သည်

"သားပြန်တော့မလို့ စီနီယာကလာကြိုပေးတာနဲ့ပဲ.ဟိုဟာ..."

"မနက်စာတောင်မစားရသေးဘဲနဲ့ကို အဲ့ လာကြိုပေးမယ့်တစ်ယောက်ကိုပါခေါ်လာခဲ့ သူနဲ့အေးဆေးနားပြီးမှပြန် "

"အာ မေမေကလည်းရပါတယ်ဆို "

"ဂျီမင်းပြောနေတာကို လာတာလည်းမကြာသေးပဲနဲ့မနေ့ကမှရောက်တာကိုတော်တော်ပြန်ချင်နေတာလား"

"မေမေကလည်း ဟုတ်ဟုတ်ပြီးတာပဲ"

ဖုန်းပြန်ဆက်လိုက်ပြီး အိမ်လာခဲ့ဖို့သာစီနီယာကိုအကြောင်းပြန်ရတော့သည်
နောက်ကကြည့်နေတဲ့ ဂျောင်ကုကတော့ ပါးစောင်ကို လျှာနဲ့ထိုးပြီးကြည့်နေလျှက်

မကြာပါဘူး အိမ်ထဲဝင်လာတဲ့လူ မြင်လေပိုဒေါသထွက်လေပဲအဲ့လူက
မနက်စာစားကြတော့လည်း ထိုလူနဲ့တစ်ဝိုင်းတည်း ကျက်သရေအဖြာဖြာတုန်းတယ်

"စီနီယာ တစ်ခါတည်းတန်းပြန်ကြမလား"

ထမင်းစားသောက်ပြီးလို့ဧည့်ခန်းထဲမှာထိုင်နေကြတုန်းအရင်စလိုက်တဲ့ဂျီမင်း

"သဘောပဲလေ "

"အာ Hyung ကမ်းစပ်ကိုသွားကြပါလား မနက်ခင်းဆိုတော့ လူသိပ်မစည်သေးဘူးလေ"

စီနီယာဘေးနားဝင်ထိုင်လိုက်ရင်း ရွှင်ရွှင်ပြပြနဲ့ပြောလာတာကြောင့် နဲနဲတော့လန့်မိသား
ဘာလို့အတင်းလွှတ်နေတာပါလိမ့်

"အင်း ဂျောင်ကုပြောသလိုသွားကြမလား"

"အမ် ဟုတ်ရပါတယ် ဒါနဲ့.."

"ကျွန်တော်မလိုက်ပါဘူး"

စကားစကိုဖြတ်ပြောလိုက်တာကြောင့် စီနီယာနဲ့ဂျီမင်းတို့အကြည့်ကသူ့ဆီမှာ
ထူးဆန်းနေတယ်ဒီကောင်လေး

"ပျော်ရွှင်ပါစေHyung ..ပြီး-တော့-စီ-နီ-ယာ.-"

သွားဖို့ပြင်နေတဲ့Hyungနောက်ကနေ တစ်လုံးချင်းပြောပြီးအကြည့်တို့ကတော့ ထိုလူ့ဆီမှာ

𝐓𝐮𝐫𝐪𝐮𝐨𝐢𝐬𝐞Where stories live. Discover now