"မေမေ! မေမေ! ကုကုကိုလာကြည့်ပါဉီး"အိမ်နောက်ဖက်ကသဲကွင်းသေးသေးလေးလေးထဲမှာ နှစ်ယောက်သားဆော့နေရင်းနဲ့မှ အလန့်တကြားအော်ပြောလိုက်တဲ့ သားအသံကြောင့် ဖတ်နေတဲ့စာအုပ်ကိုပစ်ချပြီး အမြန်ပြေးရတော့တယ်
"မေမေ! ဟိုမှာကုကုကိုကြည့်ဉီး"
မအေရောက်လာတော့ အတင်းလက်ညိုးထိုးပြီးတော့ကိုကြည့်ခိုင်းနေတော့တာပဲ
ခန္ဓာကိုယ်တစ်ခုလုံးရေတွေစိုရွှဲပြီး စိမ်းပြာရောင်အမြီးပေါက်လေးနဲ့ ကောင်ငယ်လေးကတော့ အူကြောင်ကြောင်လေးဖြင့်ကြည့်နေလျှက်
သူမသက်ပြင်းသာချလိုက်ပြီး ပေါက်စလေးကို အိမ်ထဲပွေ့ချီလာလိုက်တယ် နောက်ကကလေးငယ်လေးကတော့ မျက်ရည်ကြည်လေးတစ်ချို့နဲရေချိုးခန်းထဲကရေဇလုံအကြီးထဲ ထည့်ပေးထလိုက်တော့ တစ်ခစ်ခစ်နဲ့ရီမောပြီး ရေထံမှာဆော့နေတဲ့ကလေးငယ်လေ တစ်ချက်တစ်ချက်စိမ်းပြာရောင်အမြီးပေါက်လေးနဲ့ ရေတွေကို တဗြန်းဗြန်းရိုက်တတ်သေးတာ
"မေမေ ဟင့် ကုကုက ငါးလူသားဖြစ်သွားတာလားဟင် ဟင့်"
ငိုသံလေးနဲ့ပြောလာတဲ့သားကို ခေါင်းလေးဖွဖွလေးပုတ်ပေးလိုက်ပြီး ခေါင်းညိမ့်ပြတော့ ထပ်ငိုပြန်ပါလေရော ရေထဲကပေါက်စလေးကတော့ ကြည့်နေတာမျက်တောင်တောင်မခတ်
"ဟင့် ဒါဆို ကုကုကလမ်းလျှောက်လို့ရတော့ဘူးပေါ့နော် "
"ရပါတယ်သားရဲ့"
"ဟုတ်ဘူး အဲ့တာသားရဲ့အရုပ်ငါးကြီးက အသက်ဝင်လာပြီးကိုက်သွားတာလားမသိဘူး ဟင့် အဲ့ငါးကြီးကို ပြန်ဆွဲထုတ်ပေး ဟင့်"
အော် သူ့စိတ်ထဲမှာ ငါးကခြေထောက်ကို ကိုက်ခဲထားတယ်ပဲထင်နေတာကိုး
"သားဒီမှာ ကိုင်ကြည့်"
စိမ်းပြာရောင်အကြေးခွံနုနုလေးတွေပြည့်နေတဲ့အမြီးလေးကို ကိုင်ပြလိုက်တော့ တအံတသြနဲ့လိုက်ကြည့်နေတာ
"လာကိုင်ကြည့်လေ သားရဲ့"
လက်ညိုးဖောင်းဖောင်းလေးနဲ့ မရဲတရဲလေးကိုင်လိုက်တော့ ဖြစ်သွားတဲ့ရုပ်လေးကအူးယားစရာ
