နေ့လည်က ကိစ္စကြောင့်စိတ်မကြည်ဘဲနဲ့အိမ်ကိုပြန်လာခဲ့တာ ရောက်ရောက်ချင်း မေမေက မင်းအကိုရောက်နေတယ်ဆိုလို့ မကြည်ခဲ့တဲ့စိတ်တွေက ဘယ်ကိုလွင့်လို့လွန့်သွားမှန်းမသိ ချက်ချင်းပဲအပေါ်ပြေးတတ်ပြီးHyungအခန်းထဲဝင်ကြည့်တော့ သူကရှိမနေ ဘယ်ရောက်နေပါလိမ့် အာ့ဆို ငါ့အခန်းထဲမှာလား Hyungဘာဝင်လုပ်တာပါလိမ့် ဒါမှမဟုတ် ငါ့ကိုတမင်သက်သက် supriseလုပ်ချင်လို့ ဝင်ပုန်းနေတာထင်တယ် ဟားဟား မေမေပြောပြလို့ သိပြီးသွားပြီ Hyungရေ Hyungကို ပြန်ပြီး suprise ပြန်တိုက်ရမယ် ကိုယ့်အတွေးနဲ့ကိုယ်သဘောတွေကျပြီး တံခါးကိုတိုးတိုးလေးဖွင်ပြီး"HYUNG SUPRISE!!!!"
ဆိုပြီးမျက်စိကြီးမှိတ်ပြီးထအော်လိုက်ပါရော
ဘာမှမထူးခြားတာမို့ မျက်လုံးပြန်ဖွင့်ကြည့်တော့ Hyung လက်ကို နမ်းနေတဲ့ သူစိမ်းတစ်ယောက်ရယ် သူ့ကိုကြည့်နေတဲ့ Hyungကြောင့် လက်ထဲကလွယ်အိတ်ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းလျှက်...
တိတ်ဆိတ်သွားတဲ့အခြေအနေကိုစတင်ဖြိုခွင်းလိုက်သူက ဂျီမင်း
"အာ ဂျောင်ကု ပြန်ရောက်လာပြီပေါ့"
လက်ထဲကအမှုန့်တွေခါလိုက်ရင်း ဂျောင်ကုရှေ့ရပ်ပြီးပြောလိုက်တော့ ထိုကောင်လေးက သူ့ကိုကြည့်မနေ အောက်ကိုသာခေါင်းစိုက်နေလျက်
"မင်းကထက်တာထက်ကိုလူကောင်ကြီးတာHyungတောင် မနာလိုတယ်"
ပခုံးကို ပုတ်ပြီးပြောလိုက်တာကြောင့် တောင့်တောင့်ကြီးရပ်နေပြီး သူ့ကို မျက်လုံးပြူးကြီးနဲ့ပြန်ကြည့်လာတယ်
အောက်မှာကျနေတဲ့လွယ်အိတ်ကို ခုံပေါ်ကောက်တင်ပေးလိုက်ရင်း ဂျောင်ကုကိုပြန်ကြည့်တော့ ချက်ချင်းပဲ အကြည့်ကိုလွှဲလိုက်သည် ဒီကောင်လေး ဘာတွေဖြစ်နေတာ..
"ဂျောင်ကု လာခဲ့လေ Hyung သူငယ်ချင်း နဲ့မိတ်ဆက်ပေးမယ်"
ဘေးနားမှာရှိတဲ့ကုလားထိုင်လေးကို ပုတ်ပြရင်းသူ့ကိုခေါ်လိုက်တဲ့ Hyungစကားကို သူမငြင်းဆန်မိ
"ဒါကHyung သူငယ်ချင်း လေ Kim Taehyung Hyung အခန်းဖော်ပေါ့"
ပြောလည်းပြော ပခုံးကိုဖက်လိုက်တဲ့ဂျီမင်းကြောင့် နဲနဲတော့ဘဝင်မကျမိ ဟုတ်တယ်လေ သူငယ်ချင်း ဆိုပြီး အဲ့လို ဖက်ဖို့လိုလို့လားHyungရဲ့