4

327 22 0
                                    

Arc - 4 : Let me protect you (IV)

ရှန်​့ခယ်​နဲ့ဖုန်​းကျွမ်​ရဲ့ခန္ဓာကိုယ်​က အခြားက​လေး​တွေ​နေယှဉ်​ရင်​​သေး​နေတယ်​။သူတို့ရဲ့အ​ရှေ့တိုင်​းသားရုပ်​ရည်​​တွေက အနိုင်​ကျင်​့ခံရမှုက​နေ​ရှောင်​လွှဲမရဘူး​လေ။ ဒါ​ပေမယ်​့ရှန်​့ခယ်​ရဲ့ညာ​ခြေ​ထောက်​ကအဲ့​လောက်​ကြီးလည်​းစာ​နေတာမဟုတ်​လို့ က​လေး​တွေကိုကိုင်​တွယ်​ရတာ​လောက်​​တော့သူ့အတွက်​အ​ပျော့ပါ။ အစက​တော့သီးခံ​နေ​သေး​ပေမယ်​့ ဆရာမ​တွေကပါအ​ရေးမလုပ်​​တော့ ဒီက​လေး​တွေကိုနည်​းနည်​းဖျင်​း​ပေးဖို့သူဆုံးဖြတ်​လိုက်​တယ်​။

ဖရန်​မူကြို​ကျောင်​းရဲ့သင်​ကြားမှုက အရမ်​းလွယ်​လွန်​းလို့ ရှန်​့ခယ်​အတွက်​ကွန်​ပျူတာအ​ကြောင်​း​တွေးဖို့အချိန်​​တောင်​ရ​သေးတယ်​။ ရှန်​့ခယ်​တို့ရဲ့​မွေးစားမိဘ ဖရယ်​လင်​မယားကလည်​း ရှန်​့ခယ်​ကွန်​ပျူတာလိုချင်​တယ်​ဆို​တော့ချက်​ချင်​းဝယ်​​ပေးဖို့လုပ်​တယ်​။ ဒါ​ပေမယ်​့ ရှန်​့ခယ်​က"မစ္စတာဖရယ်​ ကျွန်​​တော်​့ကိုယ်​့ပိုက်​ဆံကိုယ်​ရှာချင်​တယ်​''

ရှန်​့ခယ်​ကအဲ့လို​ပြော​တော့ မစ္စတာဖရယ်​ကအပြုံး​လေးနဲ့ပြန်​​မေးတယ်​။ ''မင်​းကဘယ်​လိုရှာမှာလဲကွ''

"မ​နေ့ကစာကြည်​့ခန်​းထဲမှာတ​ယောတစ်​လုံးကျွန်​​တော်​​တွေ့တယ်​'' ရှန်​့ခယ်​က​မျှော်​လင်​့ချက်​အပြည်​့နဲ့''မစ္စတာဖရယ်​ အဲ့ဒီတ​ယော​လေကျွန်​​တော်​့ကိုငှါးလို့ရမလားဟင်​။ ကျွန်​​တော်​ပန်​းခြံ​တွေမှာလိုက်​​ဖျော်​​ဖြေချင်​တယ်​''

"အို?'' မစ္စတာဖရယ်​ကအနည်​းငယ်​အ့ံသြသွားပြီး ''မင်​းတ​ယောတီးတတ်​တယ်​​ပေါ့''

ရှန်​့ခယ်​ရှက်​ရွံ့ရွံ ့နဲ့​ခေါင်​း​လေးညိမ်​့လိုက်​တယ်​။

"​ကောင်​းပြီ​လေ ဒါဆိုနား​ထောင်​ကြည်​့ရ​အောင်​။ မင်​း​ကောင်​း​ကောင်​းတီးနိုင်​ရင်​ခွင်​့ပြု​ပေးမယ်​'' မစ္စတာဖရယ်​ကတက်​ကြွစွာနဲ့ ရှန်​့ခယ်​လက်​ထဲတ​ယောကိုထည်​့​ပေးလိုက်​တယ်​။

ရှန်​့ခယ်​အသံကိုအရင်​စမ်​းပြီး မတ်​မတ်​ရပ်​ကာဖရယ်​လင်​မယားနဲ့ဖုန်​းကျွမ်​ကိုဦးညွှတ်​လိုက်​တယ်​။သူ့ရဲ့ အထက်​တန်​းစားလူကြီးလူ​ကောင်​းလိုဟန်​​လေးက ဒါဟာသူ့ရဲ့တစ်​ကိုယ်​​တော်​ပွဲအလား ကြည်​့ကသူကိုချစ်​မိ​စေတယ်​။

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now