2

529 40 0
                                    

Arc 4 : Let me protect you (I)

"ကျူပ်​တို့ကရဲတပ်​ဖွဲ့ကပဲ မလှုပ်​ကြနဲ့!"

ရှန်​့ခယ်​​မျှော်​လင်​့​နေ​သောကယ်​တင်​ရှင်​များက​နောက်​ဆုံး​တော့​ရောက်​လာခဲ့ပြီ။ ရဲတပ်​တပ်​ဖွဲ့အင်​အားများများကအခင်​းဖြစ်​ရာကိုခပ်​သွက်​သွက်​ချီတက်​လာကြကုန်​တယ်​။

"Shit!"

ဆဲ​ရေးသံတစ်​ခုနဲ့အတူ​သေနတ်​သံအဆက်​မပြတ်​ထွက်​လာတယ်​။ ရှန်​့ခယ်​လည်​းသူ့တို့ဆီကျဉ်​ဆန်​​တွေ​ပြေးလာတာကိုသတိထားမိလိုက်​ပြီး ဖုန်​းကျွမ်​ကိုဆွဲ​ပြေးဖို့ဆုံးဖြတ်​လိုက်တယ်​။ ကံမ​ကောင်​းတာကသူဟာငယ်​လွန်​းပြီး အရပ်​လည်​းနိမ်​့လွန်​းတာ​ကြောင်​့ လှုပ်​ရှားမှု​တွေကမမြန်​ဆန်​နိုင်​ဘူး။ ဒါ​ကြောင်​့ သူ့ပုခုံးနဲ့​ခြေ​ထောက်​ကအပစ်​ခံလိုက်​ရတယ်​။ သူ့ပုခုံးကို​ဖောက်​ထွက်​သွားတဲ့ ကျည်​ဆန်​ကဖုန်​းကျွမ်​ရဲ့လက်​​မောင်​းကိုထပ်​ဆင်​့မှန်​ပြန်​တယ်​။

နှစ်​​ယောက်​သား​သွေးအလိမ်​းလိမ်​းနဲ့​မြေပြင်​​ပေါ်လဲကျသွား​တော့ ရဲတပ်​ဖွဲ့ဝင်​​တွေချက်​ချင်​း​ပြေးလာကြပြီး အ​ရေး​ပေါ်ကုသ​ရေးအဖွဲ့ကို အကူအညီထပ်​​ခေါ်လိုက်​တယ်​။ ရှန်​့ခယ်​ကိုတစ်​​ယောက်​​ယောက်​မချီလိုက်​တာခံစားလိုက်​ရပြီး သူတို့အန္တရာယ်​ကင်​းမှန်​းသိလိုက်​ရ​တော့ စိတ်​ချလက်​ချနဲ့​မေ့​မြောသွား​တော့တယ်​။

နှစ်​ရက်​အကြာမှာ​တော့ ပိုးသတ်​​ဆေးအနံ့​တွေပြည်​့​နေတဲ့အခန်​းထဲက ရှန်​့ခယ်​ပြန်​နိုးလာတယ်​။ သူ့​ခြေနဲ့လက်​​မောင်​းကပတ်​တီးအထပ်​ထပ်​စီးထားပြီး လက်​မှာအ​ကြော​ဆေးလည်​းသွင်​းထားတာကို​တွေ့လိုက်​ရတယ်​။

​ခေါင်​းကိုလှည်​့လိုက်​​တော့ ဖုန်​းကျွမ်​ကတစ်​ဖက်​ကုတင်​မှာအိပ်​​နေပြီး ဒဏ်​ရာများများစားစားရထားပုံမရ။ကြည်​့ရတာ သူ့​ခြေ​ထောက်​​သေမယ်​့အ​ရေးက​ရှောင်​နိုင်​ခဲ့ပြီထင်​တယ်​။

"ဒီက​လေး​တွေကအရမ်​းသနားဖို့​ကောင်​းတယ်​။ အထူးသဖြင်​့အကြီး​လေးဆိုသူ့ခန္ဓာကိုယ်​ကဒဏ်​ရာအပြည်​့ပဲ။ ​သူ ​လေး၊ငါးလ​လောက်​​တောင်​နှိပ်​စက်​ခံထားရပုံ​ပေါ်တယ်​'' အခန်​းအပြင်​ဖက်​တွင်​အမျိူးသမီးတစ်​ဦးက အင်္ဂလိပ်​လို​ပြော​နေတာကို ရှန်​့ခယ်​ကြားလိုက်​ရတယ်​။ ​တော်​​သေးတာက သူကွန်​ပျူတာသင်​တုန်​းအင်္ဂလိပ်​စာကိုပါတွဲမှတ်​နိုင်​ခဲ့တာပဲ။

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now