7

269 21 0
                                    

Arc 4 - Let me protect you VII

"ငါပန်းသီးမစားချင်ဘူး။ ငါပန်ဒါစားမှာ'' ဖုန်းကျွမ်ကဆေးရုံကုတင်မှာ ဖူးယောင်နေတဲ့မျက်နှာနဲ့လဲနေပြီး ရှန့်ခယ်ကိုဂျစ်တိုက်နေတယ်။ ရှန့်ခယ်ရှေ့မှာဆို သူကအခြားလူလိုပဲ။

ပန်းသီးနွာနေတဲ့ရှန့်ခယ်ကခေါင်းညိမ့်ပြီး ''အိုကေ ခဏနေရင်ပန်ဒါသွားဝယ်ပေးမယ်'' ဖုန်းကျွမ်လိုချင်တဲ့ပန်ဒါဆိုတာ နို့ချောကလက်ဖြစ်၏။ ဘာမှလုပ်စရာမရှိရင် သူတစ်ခါထဲနှစ်ထုပ်လောက်စားတတ်တယ်။

ဖုန်းကျွမ်ကျေနပ်သွားပြီး ပန်းသီးတစ်စိတ်ကိုယူဝါးလိုက်တော့တယ်။ ရှန့်ခယ် ၊ ဖုန်းကျွမ်ရဲ့မျက်နှာကိုကြည့်ပြီး သနားမိသလိုရယ်လည်းရယ်ချင်မိတယ်။ ခဏကြာတော့ သူအိတ်ကဖုန်းကိုထုတ်ပြီး ဖုန်းကျွမ်ကိုချိန်လိုက်တယ်။

"ဘာလုပ်တာလဲ''

"အမှတ်တရလေ'' ပြောပြောဆိုဆိုနဲ့ရှန့်ခယ်ကင်မရာကိုနှပ်လိုက်တော့တယ်။

ဖုန်းကျွမ်ကမျက်နှာကိုကာပြီး''မလုပ်နဲ့ဆို''

"ဘာကြောက်နေတာလဲ အမာရွတ်ဆိုတာယောကျ်ားတွေအတွက်အမှတ်တံဆိပ်ကွ။များများရှိလေဂုဏ်ရှိလေပဲ'' ရှန့်ခယ် ယုတ်မာစွာရယ်ရင်းပြောလိုက်တယ်။

"ဒါပေါ့ဟုတ်တာပေါ့။ မျက်ခွက်ကြီးစုတ်ပြတ်သတ်အောင်အထုထောင်းခံရတာ အရမ်းဂုဏ်ယူစရာကောင်းတာပေါ့။'' ဖုန်းကျွမ်မျက်နှာကိုအုပ်ပြီး သေသေရှင်ရှင်ကာကွယ်တော့တယ်။

"လိမ်မာစမ်းပါ။ လက်ဖယ်လိုက်။ ငါ့ကိုဓာတ်ပုံပေးရိုက်။ငါမင်းကိုတစ်ခါနမ်းမယ်''

ဖုန်းကျွမ်လက်ချောင်းတွေကြားထဲခိုးကြည့်လိုက်တယ်။''တကယ်လား''

အမ်?သူတကယ်ပဲအနမ်းလိုချင်နေတာလား?

"အင်း''

"ကောင်းပြီလေ'' ဖုန်းကျွမ်မဖယ်ချင်ဖယ်ချင်နဲ့ ဖယ်ပေးလိုက်ပြီး အေးဆေးတည်ညိမ်စွာနဲ့ပြောလိုက်တယ်။'' မင်းဓာတ်ပုံရိုက်မယ်ဆိုရင် များများရိုက်။ တစ်ပုံရိုက်တစ်ခါနမ်းရမယ်''

ရှန့်ခယ်ရယ်မိတော့တယ်။ ရှန့်ခယ်ကင်မရာကိုမြှောက်ပြီးနှစ်ယောက်အတူ ကပ်ထိုင်လိုက်တယ်။ ရှန့်ခယ်ရဲ့ဆံနွယ်ပျော့ပျော့လေးတွေက ဖုန်းကျွမ်ပါးပြင်ကိုရှပ်တိုက်သွားပြီးယားယံမှုကိုကြံရစ်စေတယ်။ လှည့်ကြည့်လာတဲ့ဖုန်းကျွမ်မျက်လုံးတွေကနူးညံ့ခြင်းအပြည့်နဲ့။

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now