10 (end)

798 31 0
                                    

Arc -4: Let me protect you (X) End!

"ပြောစမ်း ငွေတွေဘယ်မလဲ'' ကတုံးနဲ့လူကသူ့နံဘေးခုံကရှန့်ခယ်ကိုမေးလိုက်၏။

"ခင်များဘယ်တော့ကျူပ်မိဘတွေကိုလွှတ်ပေးမှာလဲ''

"ငွေတွေမရရင် မပြန်မလွှတ်နိုင်ဘူး''

ရှန့်ခယ်အတန်ကြာတိတ်ဆိတ်သွားလေ၏။ ''Green wheat farm''

သူလျှောက်ပြောနေခြင်းတော့မဟုတ် ဒီနေရာကတစ်ချိန်ကတာဘီမူရဲ့အခြေစိုက်နေရာကြီးဖြစ်ခဲ့ဖူးတယ်လေ။ လူယုံတွေကလွဲရင်ဒီနေရာကိုတော်ရုံအဖွဲ့ဝင်တွေမသိကြဘူး။ ဒါပေမယ့်ကတုံးနဲ့လူကတော့ ကြားတာနဲ့မျက်လုံးအရောင်တွေချက်ချင်းလက်လာတော့တယ်။ တစ်ဖက်ကရိုးဝမ်ကလည်း တပ်ဖွဲ့ကို Green wheat farmဆီသွားဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်။

ဂျူံစိမ်းခင်းဟာသူတို့နဲ့မိုင်၁၀၀၀လောက်ဝေးတာမို့ မနားဘဲမောင်းတောင်မနက်ဖြန်မှရောက်နိုင်မယ်၊ အကြမ်းဖက်သမားကလည်းအဲ့လောက်အားမရှိတာမို့ ည၁၁နာရီမွာပဲ မိုတယ်တစ်ခုမှာရပ်လိုက်တော့တယ်။

"ဒီမိုတယ်ကလူတွေကိုပါဆွဲမထည့်ချင်မင်းနှုတ်ပိတ်နေတာကောင်းမယ်''ကတုံးနဲ့လူက သူ့ကိုအစောင့်တစ်ယောက်နဲ့ထားခဲ့ပြီးသတိပေးသွားလေရဲ့။

"ဘရူနို ဘာတွေဖြစ်ကုန်တာလဲ''ဖရယ်လင်မယားဟာသူ့ကိုအပြစ်တင်ချင်ပုံတစ်စုံတစ်ရာမရှိ ထိတ်လန့်နေတဲ့မျက်နှာတွေနဲ့စိုးရိမ်မှုတွေသာပြည့်နှက်နေလေတယ်။

"စိတ်မပူပါနဲ့''ရှန့်ခယ်အခိုင်အမာဆိုရင်းသူတု့ိကိုနှစ်သိမ့်လိုက်တယ်။''ကျွန်တော်အဖေတို့မေတို့ကိုဘာမှမဖြစ်စေရပါဘူး''

အဝေးတစ်နေရာကဖုန်းကျွမ်ကတော့ မိသားစုတွေ ့ဆုံပွဲပြီးတာနဲ့ကိုယ့်အခန်းကိုယ်ပြန်ပြီးကွန်ပျူတာကိုဖွင့်ကာရှန့်ခယ်နဲ့ဆက်သွယ်ဖို့လုပ်နေ၏။အချိန်ကွာခြားမှုကြောင့်ဟိုဖက်မှာ ညနက်နေပြီးဆိုတော့သူမခေါ်ဘဲနေမလို့လုပ်ပေမယ့် စိတ်ဆန္ဒကိုအောင့်အီးမထားနိုင်တာနဲ့ဗီဒီယိုကောခေါ်လိုက်တယ်။ဒါပေမယ့်အချိန်အကြာကြီးမြည်နေတဲ့တိုင်အောင် ဘယ်သူမှကိုင်မယ့်လူမရှိပေ။ဖုန်းကျွမ်ဇွဲမလျှော့ဘဲဆက်ခေါ်ပြီး တစ်ဖက်ကလည်းUKရဲ့သတင်းတွေကိုကြည့်နေတယ်။ ရုတ်တရက်ထိပ်စီးခေါင်းစဉ်ကြီးတစ်ခုကြောင့် သူ့မျက်လုံးတွေပြူ းကျယ်သွားတယ်။ Mr.Bruin ကုမ္ပဏီအကြမ်းဖက်ဝင်ရောက်စီးနင်းခံရပြီး လက်ရှိမှာဓားစာခံသုံးဦး အကြမ်းဖက်သမားများလက်ထဲ၌ရှိနေ ဆိုတဲ့သတင်းကိုမြင်မြင်ချင်း ဖုန်းကျွမ်တွေးမိတာ ရှန့်ခယ်နဲ့ဖရယ်လင်မယားပဲ။

You've reached the end of published parts.

⏰ Last updated: Oct 20, 2021 ⏰

Add this story to your Library to get notified about new parts!

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now