9

314 24 0
                                    

Arc 4: Let me protect you( IX)

တကယ်တော့ရှန့်ခယ်ဟာဒီနှစ်တွေမှာဖုန်းကျွမ်ရဲ့မိသားစုကို စုံစမ်းနေခဲ့တယ်။ မတည်ညိမ်တဲ့ကာလအကြပ်အတည်းပြီူဆုံးသွားတော့ ဖုန်းမိသားစုဟာအခြေပြန်ကျသွားပေမယ့်အထိနာထားလို့ သူတို့စီးပွားရေးအခြေအနေကအရမ်းကိုဆုတ်ယုတ်နေခဲ့ပြီ။ ရှန့်ခယ်ဘာလို့ဖုန်းကျွမ်ကို ပြောပြရလည်းဆိုတာကတော့ ဖုန်းကျွမ်လည်းသူ့မိသားစုဆီပြန်သွားချင်မှာပဲလို့သူယူဆထားကြောင့်ပင်။ ဖုန်းမိသားစုတစ်ဖန်ချမ်းသာလာမှသူတို့သွားရင် အပုပ်သတင်းတွေထွက်လာမယ်လေ၊

သူတို့ရဲ့ Mr.Bruin ကုမ္ပဏီကအရမ်းအလားအလာကောင်းနေတယ်။ အခြားလုပ်ငန်းကြီးတွေနဲ့ယှဉ်မရသေးပေမယ့် ဆယ်မီလီယံလောက်ကအလွယ်ထုတ်ယူလို့ရတဲ့အခြေအနေပဲ။ ဖုန်းကျွမ်ကသူယူလာတဲ့အချက်အလက်တွေဖတ်ပြီး အကြာကြီးတိတ်ဆိတ်နေတော့တယ်။ ဆယ်နှစ်ကျော်ခွဲခွာခဲ့ရတဲ့အတွက် သံယောဇဉ်ဆိုတာ တော်တော်အမျှင်ပါးနေပြီ။ သူ့မှာအခုရှန့်ခယ်နဲ့ဖရယ်လင်မယားလည်းရှိနေပြီ ဒီနေရာကသူ့အိမ်ပဲ။

"ခယ့်ခယ် သူတို့ကတကယ်ပဲငါ့မိသားစုလား'' ဖုန်းကျွမ်မဝ့ံမရဲမေးလိုက်တယ်။ တကယ်တော့ မဟုတ်ဘူးမလားလို့မေးလိုက်ချင်တာ။ ဒါပေမယ့်ရှန့်ခယ်ကပြောတယ်ဆိုမှတော့ အတိအကျသက်သေရထားလို့ဆိုတာသူသိတယ်။

"ငါတို့သွားကြည့်ရင်သိမှာပေါ့'' ရှန့်ခယ်သူ့ကိုအပြုံးလေးနဲ့ပြန်ဖြေလိုက်တယ်။

ရှန့်ခယ်အပြုံးကိုမြင်တော့မှ ဖုန်းကျွမ်စိတ်ညိမ်သွားပြီး ပြန်ပြုံးလိုက်တယ်။''ငါတို့အခုအားလပ်ရက်ရထားတာ တရုတ်ကိုသွားလည်ရင်ကောင်းမလား''

"ကောင်းပြီလေ'' ရှန့်ခယ်ဟာအစိုးရရဲ့ဝန်ထမ်းလို့လည်းဆိုလို့ရတာကြောင့် ပြည်ပထွက်ခွာခွင့်ဟာအစီရင်ခံတင်ပြမှရမယ်။ဒါပေမယ့်အခုသူ့အသက်အရွယ်နဲ့ဆိုမခက်လောက်တော့ပါဘူးလေ။

"ဒါဆိုအိပ်ရအောင်'' ဖုန်းကျွမ်လက်တော့ကိုပိတ်ပြီးဘေးစားပွဲပေါ်တင်ကာ ရှန့်ခယ်ကိုဆွဲယူလိုက်တယ်။

"အိပ္တာကအိပ္တာပဲ၊ မဟုတ်တာလုပ်မယ်မကြံနဲ့''

ရှန့်ခယ်ကသတိပေးပေမယ့် ဖုန်းကျွမ်ကသူ့ခါးကိုဖက်ထားရင်အသံခပ်တိုးတိုးနဲ့မေးတယ်။''ခယ့်ခယ် အခုငါတို့ကဘာတွေလဲ?''

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now