Unicode
"အလွှမ်းရောင် ! "
"အင့် ! "
အော်ခေါ်သံကနောက်မှ့ ၊ အရင်ပြေးဝင်လာတဲ့ scholl ဖိနပ်ပျံကြောင့် လွှမ်းရဲ့ပုတုတုကိုယ်လေးက မှောက်ရက်လေး မြေမှာဗိုင်းဆိုပစ်လှဲသွားသည်။ ရင်ဘတ်ထဲ အောင့်သွားကာ အော်ငိုချင်ပေမဲ့လည်း မငိုနိုင် ။
"ငါခေါ်နေတာချက်ချင်း လှည့်မကြည့်ရအောင် မင်းကအ့နေသလား ၊ မလေးမစားနဲ့ လာခဲ့စမ်း "
"အ့ ...အားး ကိုကို သားနာတယ် "
စိုင်းနေက လွှမ်းရဲ့ခပ်လုံးလုံးဆံပင်ပျော့လေးတွေကို လက်ငါးချောင်းနဲ့ အဆုပ်လိုက်ဆွဲလို့ တရွတ်တိုက်ခေါ်သွားသည်။
"ကိုကိုရေ သားနာလို့ပါ.. "
၈နှစ်ကလေးက ၅နှစ်သားလေးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်နေခြင်း။
ဒီအိမ်မှာ ခြံစောင့်အပါအဝင် အလုပ်သမား၅ယောက်ရှိသည်။ ဘယ်သူမှဝင်မဆွဲရဲ ၊ ဝင်မတားရဲကြ ။ စိုင်းနေမခ ဆိုတဲ့ ဤပေါက်စနလေးကို ထိပါးမိလျှင် သူ့အဖွားဒေါ်နန်းယဉ်ယဉ်၏ အဆူအဆဲခံရမည်။ ဒါတင်ဘယ်ကဦးမလဲ ၊ ကံမကောင်းရင် အလုပ်ပါထုတ်ခံရနိုင်ခြေရှိသည်။ ဘယ်သူမှ့ ထမင်းအိုးအကွဲခံပြီး hero ဝင်မလုပ်ချင်ကြ။ ဒီလိုနဲ့ အလွှမ်းရောင်ဆိုတဲ့ ကောင်လေးရဲ့ငယ်ဘဝတွေက အကျည်းတန်ခဲ့ရသည်။
"ဒီမှာ ကြည့်စမ်း ငါ့ရောင်စုံခြယ်စာအုပ်တွေ
ခြေရာလက်ရာပျက်နေတယ်၊ငါကျောင်းသွားနေတုန်း မင်းခိုးဆော့ထားတယ်မလား
ပြောစမ်း ...""မဟုတ်ပါဘူးကိုကိုရဲ့ ...သားထိတောင်မထိရပါဘူး"
"လူလိမ်ကောင် ! မင်းမကိုင်ရင်
ဘယ်သူကိုင်မလဲ "အလွှမ်းရောင်ဆိုတဲ့ကောင်ကို ခြေထောက်နဲ့နှစ်ချက်လောက် ပစ်ကန်ပေးလိုက်တယ်။ အမြဲတမ်းငိုငိုယိုယိုနဲ့ မုန်းဖို့ကောင်းလိုက်တာ။ ဒီကောင် အိမ်မှာမရှိရင်သိပ်ကောင်းမှာပဲ။
"သွား ခြံထဲမှာသွားရပ်နေ ထမင်းစားချိန်မှ့ဝင်လာခဲ့ "
"ဟုတ် .."
အကန်ခံထားရသည့် ရင်ဘတ်လေးကို လက်နဲ့ဖိလို့ လွှမ်းကအပြင်ထွက်သွားသည်။
![](https://img.wattpad.com/cover/289132746-288-k300263.jpg)
YOU ARE READING
Let Me Hug You (Completed)
Romanceကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... ကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... Start Date - 22.10.2021 End Date - 24.12.2021 #oc