Unicode
ကျောင်းချိန်တွေလဲ မှန်အောင်မတက်၊ ဂိမ်းဆော့ ၊ ဘောလုံးပွဲလောင်း ၊ စော်ပတ်ကြောင်နေသည့် စိုင်းနေမခက ဆယ်တန်းနှစ်ကို ဗေဒင်မေးစရာမလိုပဲကျပါသည်။ ထူးဆန်းသည်က စာအညံ့ကြီးထဲမပါသည့် ကောင်းသူရိန်ကပါ စာမေးပွဲကျတာဖြစ်သည်။ ဆယ်တန်းကျတဲ့ စိုင်းနေက အိမ်မှာ မျက်နှာကောင်းမရတော့။ ဖွားဖွားကြီးက အရှေ့က ကာဆီးကာဆီးပြောကူပေးပေမဲ့ အဆူခံရတာတော့ လျော့မသွားပါ။
"အော် တစ်နှစ်တလေ ခြေချော်လက်ချော်ကျတာကိုကွယ်။ သားကလဲ ကလေးကိုမဆူပါနဲ့
မြေးက ဉာဏ်လေးကောင်းပါတယ်
မေးခွန်းတွေခက်တဲ့နှစ်နဲ့ တိုးလို့ပါ ""အမေ့မြေးကို အမေပဲကာကွယ်နေလိုက်တော့၊အဲ့ဒါကြောင့် ဒီကောင်ကမ်းတက်နေတာ
ဒီနှစ်တော့ ရှိစေတော့ ၊ နောက်နှစ်တော့ အောင်အောင်ဖြေရမယ်နော် ကြားလား သားကြီး ! "စိုင်းနေမခကတော့ သူ့အပြစ်နဲ့သူမို့ နားရွက်လေးကုပ်လို့ငြိမ်နေသည်။ ဖေဖေက စိုင်းနေအတွက် ဒီနှစ်မှာတော့ ဂိုက်ဆရာအိမ်ခေါ်သင်ဖို့ စုံစမ်းနေပါတော့သည်။ စိတ်ရှုပ်လွန်းတာကြောင့် စိုင်းနေက အခန်းထဲဝင်အောင်းနေမိသည်။
စာမေးပွဲလေးကျတာကို ။ ဘဝကြီးပျက်သွားတာမှ့မဟုတ်ပဲ လူကြီးတွေက သိပ်အပိုတွေလုပ်တာပဲ။ ဒီနှစ်မအောင် နောက်နှစ်အောင်မှာပေါ့။
ငယ်ရွယ်ပြီး မရင့်ကျက်တဲ့လူငယ်လေးရဲ့အတွေးက လမ်းတွေလွဲမှားလို့ ။ ကောင်းသူရိန်က လိုင်းပေါ်ကနေစာပို့လာသည်။
[အဆင်ပြေရဲ့လား ၊ ငါတော့ အိမ်မှာအဆူခံနေရတယ် ]
[အတူတူပဲ ညကျရင် အပြင်ထွက်မလား
ဖူဆယ်ကွင်းမှာ ဘောလုံးသွားကန်ရအောင် ][မရဘူး။ ငါ့အမေစိတ်ဆိုးနေတယ် မင်းလဲငြိမ်နေလိုက်ပါဦး ၊ နောက်တနှစ်အတူကြိုးစားကြမယ် ]
[ ဟုတ်ပြီ ]
"ကိုကို ..."
"ဟာ ဒီကျက်သတုံးကောင် ငါ့အခန်းထဲလာပြန်ပြီလား၊ငါစိတ်သိပ်ကြည်နေတာမဟုတ်ဘူးနော် ထွက်သွား !!! "
"မနှင်ပါနဲ့ ၊ ကျွန်တော်က ကိုကိုတယောက်ထဲဝမ်းနည်းနေမှာစိုးလို့ ဒါလေး... "
![](https://img.wattpad.com/cover/289132746-288-k300263.jpg)
YOU ARE READING
Let Me Hug You (Completed)
Romanceကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... ကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... Start Date - 22.10.2021 End Date - 24.12.2021 #oc