Unicode
ဆရာဝန်က တပတ်လောက်နားရမယ်ဟု့ပြောထားသော်လည်း အကြောတင်းလေး စိုင်းနေမခကတော့ နည်းနည်းသက်သာပြီး အဖျားပျောက်သည်နှင့် ရုံးပြန်သွားတာပါပဲ။ မသွားလို့လဲမရဘူး။သင်္ကြန်နားနီးပြီမို့ တနှစ်စာနှစ်ချုပ်စာရင်းတွေလုပ်နေရပြီ။ siteထဲက အလုပ်သမားတွေကနယ်ဘက်ကများသည်။ ပိတ်ရက်ဆိုအားလုံးဇာတိပြန်ကြသည်။ မဒေစီနဲ့အတူ စာရင်းတွေချုပ်ရင်းဖေဖေ့ကိုဖုန်းခေါ်လိုက်သည် ။
"ဟဲလို သားကြီး "
"ဖေဖေ စားပြီးပြီလား နေကောင်းရဲ့လား "
"ကောင်းပါ့ဗျာ "
"ကျွန်တော်မေးစရာရှိလို့ ၊ ဝန်ထမ်းတွေအတွက်နှစ်ကုန် bonus တွေ ပေးဖို့ထည့်နေတာ ။ မဒေစီပေးတဲ့အရင်နှစ်ကစာရင်းတွေအတိုင်းပဲ ပြန်ပေးရမှာလား။ ထပ်တိုးပေးရဦးမလား သိချင်လို့ ဖေဖေ "
အရင်တနှစ်ကတော့ company ကဦးစီးပြီး ဝန်ထမ်းတွေကို ခရီးစဉ်တချို့အလည်ပို့ပေးဖူးသည်။ ဒီနှစ်တော့ bonus သီးသန့်ပဲပေးဖို့စီစဉ်ထားသည်။ ဖေဖေနဲ့ တိုင်ပင်ပြီး ဖေဖေစီစဉ်ပေးသည့်အတိုင်း ငွေထည့်လိုက်သည်။
"ကျွန်တော် သင်္ကြန်တောင်ကြီးကိုလာခဲ့ရမလား ၊ ဖေဖေ့ကိုလဲ တွေ့ချင်တယ် "
" ကောင်းတာပေါ့ ၊သားငယ်ရော နှစ်ယောက်လုံးလာခဲ့ကြလေ ၊ ဖေဖေလဲ ငါ့သားတွေကိုသတိရတယ်ကွယ် "
"အလွှမ်းရောင်က မအားလောက်ဘူးဖေဖေ
သူတို့ရုံးကလူတွေ ကမ်းခြေသွားကြမှာဆိုလား ၊ ကျွန်တော်ပဲလာခဲ့မယ် ""အေးပါကွယ် အဆင်ပြေကြတယ်မလား
မင်းတို့ ""အင်း ..ပြေပါတယ်ဗျာ "
ဖေဖေကိုတော့ စိတ်မဆင်းရဲစေချင်တာမို့ ဒီလိုပဲကြည့်ကောင်းအောင်ဖြေလိုက်ရသည်ပင်။ ဖေဖေ့စီက ဖုန်းကျသွားတာနဲ့ ချက်ချင်းပင်အလွှမ်းရောင်ရဲ့ဖုန်းက ဝင်လာခဲ့သည်။
"ကိုကို ..ကျွန်တော်ကမ်းခြေလိုက်သွားမယ်လို့ဘယ်သူပြောလဲ။ ကိုကိုနဲ့တောင်ကြီးလိုက်မှာ။ တယောက်ထဲပေးသွားမယ်လို့ထင်နေတာလား ။ မရဘူးနော် ကျွန်တော်မပါပဲ ဘယ်နေရာမှ့သွားခွင့်မရှိဘူး "
![](https://img.wattpad.com/cover/289132746-288-k300263.jpg)
YOU ARE READING
Let Me Hug You (Completed)
Romanceကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... ကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... Start Date - 22.10.2021 End Date - 24.12.2021 #oc