Part(11)

5.3K 436 4
                                    


Unicode

ငယ်သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြတော့ အစပိုင်းက ရယ်ရယ်မောမောပဲဖြစ်သည်။ Bar တစ်ခုမှာ အတူသောက်စားဖြစ်ကြရင်း ငယ်ဘဝလေးကိုပြန်ပြောရင်းငယ်မူပြန်ကြသည် ။ ကောင်းသူရိန်နှင့် တောင်ကြီးမှာနေခဲ့သည့်တလျောက်လုံး အခေါ်အပြောရှိခဲ့ပေမဲ့ ဒီကောင် နိုင်ငံခြားထွက်သွားသည့်နောက်ပိုင်း အဆက်အသွယ်ပြတ်သွားတာ ဖြစ်သည်။ ၂နှစ်ကျော်ကျော်လောက်တောင် ရှိမည်ထင်ပါရဲ့။ အခု ဒီကောင်ပြန်ဆက်သွယ်လာတော့ သူပြန်ရောက်နေတာ သိပ်မကြာသေးဟု ဆိုသည်။ သူလဲ မိဘတွေရဲ့လုပ်ငန်းအမွေကိုပဲဆက်ခံရမှာဖြစ်သည် ။

"ဒါဆို မင်းအခု လုပ်ငန်းရှင်ကြီးဖြစ်နေပြီပေါ့ဟုတ်လား"

"အမလေး ဘောစိကများပြောရတယ်ရှိသေး
ငကောင်းရာ ..."

စိုင်းနေက သွားတန်းညီညီလေးများပေါ်အောင်ပြုံးရယ်နေသည်။ ကောင်းသူရိန်က စိုင်းနေကို တမေ့တမောကိုငေးကြည့်နေပါသည်။ အဖြူရောင်ရှပ်အပါးလေးကို အကျီလက်ခေါက်၍ဝတ်ထားသည့် စိုင်းနေမခရဲ့ပုံစံက  တလှုပ်လှုပ်မီးရောင်လဲ့လဲ့အောက်မှာ ဝင်းမွတ်နုဖတ်နေသည်။ ပိန်သွယ်သူဖြစ်ပေမဲ့ စိုင်းနေရဲ့ကိုယ်က အရိုးဂေါက်ဂတ်ဖြစ်မနေပဲ သူ့နေရာနဲ့သူအသားပြည့်ပြည့်လေးတွေရှိကာ အပြစ်အနာအဆာရယ်လို့ရှာမတွေ့နိုင်လောက်အောင် လှရက်လွန်းပါသည်။

"ဒါနဲ့ မင်းအခု ဘယ်စော်နဲ့တွဲနေပြီလဲ
ငါနဲ့ မိတ်ဆက်ပေးဦးလေ "

ရုတ်တရက်မေးလိုက်သည့် ကောင်းသူရိန်ရဲ့စကားကြောင့် စိုင်းနေရဲ့မျက်နှာကအတန်ငယ်တည်သွားသည်။

"ငါ ..လက်ထပ်လိုက်ပြီ "

"ဘာ! ဘယ်တုန်းကလဲ ဘယ်သူနဲ့လဲ
ငါလဲဘာမှမသိရပါလား "

"အလွှမ်းရောင်နဲ့ ..."

အသံတွေဆူညံဝေစီနေခဲ့သည့် စကားဝိုင်းလေးက ရုတ်ခြည်းတိတ်ဆိတ်လို့သွားသည်။ ကောင်းသူရိန်က တော်တော်ကြီး တုန်လှုပ်သွားတာဖြစ်သည်။

"မဖြစ်နိုင်တာ ...မင်းသူ့ကိုမုန်းတယ်မလား
ဘယ်လိုလုပ်ပြီး .."

စိုင်းနေက အကြောင်းစုံကိုအတိုချုပ်ပြီးသာရှင်းပြလိုက်ရသည်။ ဒါပေမဲ့ ကောင်းသူရိန်ရဲ့မျက်နှာက နီရဲလာပြီး အလိုမကျပုံဖြစ်လို့လာသည်။

Let Me Hug You (Completed)Where stories live. Discover now