Unicode
ပြတင်းပေါက်တံခါးတွေကိုဖွင့်လိုက်တော့ ခြံထဲက ပိတောက်ပင်ကြီးကို တန်းတန်းတွေ့မြင်ရသည်။ ပိတောက်ပန်းတွေမြေမှာဖွေးဖွေးလှုပ်ကြွေကျနေစဉ် ခြံထဲလမ်းလျှောက်ထွက်ရင်း ပန်းရနံ့တွေကိုရူရှိူက်ရသည်ကို သူအနှစ်သက်ဆုံးပင်။ ဒါပေမဲ့ နှစ်တွေကြာလာတော့ ပိတောက်တွေလဲသစ္စာမရှိတော့ဘူးထင်၏။ သင်္ကြန်အချိန်အခါကျော်လွန်သည့်တိုင်အောင် ပိတောက်တွေက အချိန်မှန်မပွင့်တော့ပါ။
ငယ်ငယ်ကတော့ ဒီပိတောက်ပင်ကြီးအောက်မှာ ကောင်းနဲ့အတူဘောလုံးကန်ခဲ့ကြဖူးသည်။ ဂေါ်လီရိုက်ဖူးသည်။ ပုံထပ်ဖူးသည်။ သူတို့ကစားနေချိန်ဆို ချောင်းချောင်းကြည့်နေတတ်တဲ့ ပါးဖောင်းဖောင်း ကြောင်ချီးကုပ်ရုပ်နှင့် အပုအသေးလေးအလွှမ်းရောင်ပုံစံကို သူမှတ်မိသေး၏။
"ဂျီးပေကောင် ငါတို့ကစားတဲ့အနား မလာနဲ့ "
"ကိုကို သားလဲ ဆော့ချင်တယ် "
"မင်းသိပ်ဆော့ချင်ရင် ဘောလုံးကောက်တဲ့ကောင်လုပ်"
"ဟုတ် "
ဂျပုလုံးလေးအလွှမ်းရောင်က မျက်လုံးတောက်တောက်လေးများဖြင့် သူတို့ကစားတာကို ထိုင်ကြည့်နေခဲ့ဖူးသည်။ ကောင်းသူရိန်က စိုင်းနေ အလွှမ်းရောင်ကိုမကြည်မှန်းသိတာမို့ သူလည်းလွှမ်းကိုမျက်နှာသာမပေးခဲ့ပါ။ ဒါပေမဲ့ ကိုယ်တိုင်တော့အနိုင်ကျင့်ခဲ့တာမျိုးမရှိခဲ့။ ဒီအရွယ်လေးတွေကတည်းက ခင်မင်လာတဲ့သံယောဇဉ်တွေက အခုတော့ တစစီကွဲအက်သွားခဲ့ပြီ။ အရင်လိုဖြူစင်စွာ ပြန်လည်ခင်မင်ဖို့ဆိုတာ ...
"ကိုကို "
"ဟင် ! "
အတွေးလွန်နေတုန်းအနောက်မှ့လာသိုင်းဖက်တဲ့ လက်တစ်စုံ။ သူ့တကိုယ်လုံးက ရင်ခွင်တခုထဲကျောပေးလျက်အနေအထားဖြင့်နစ်မြုပ်နေလျက် အလွှမ်းရောင်ရဲ့ အသက်ရှူသံနွေးနွေးက လည်ပင်းထက်ဝေ့ဝဲလို့နေသည်။ ရုန်းမရမှန်းသိသည်မို့ ဒီအတိုင်းငြိမ်နေလိုက်ပေမဲ့ နေ့လည်ကကိစ္စကိုသတိရသွားသောအခါ ဒေါသကပြန်ထွက်လာပြန်သည်။
"ဘာတွေ စဉ်းစားနေတာလဲ "
"ငါ့ဘာသာ ဘာစဉ်းစားစဉ်းစားပေါ့
လူကိုအပိုင်သိမ်းရုံအားမရလို့ အတွေးတွေကိုပါ မင်းကကန့်သတ်ချင်နေသေးတာလား "

ŞİMDİ OKUDUĞUN
Let Me Hug You (Completed)
Romantizmကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... ကိုကို့နှလုံးသားက ဘာအရောင်လဲ သိ့လား ... အလွှမ်းရောင်လေးတဲ့ .... Start Date - 22.10.2021 End Date - 24.12.2021 #oc