Part(10)

6.1K 427 11
                                    

Unicode

လက်ထပ်ပြီးတလကျော်အကြာမှာတော့ ဖေဖေနှင့်အဖိုးလေးက သူတို့နှစ်ယောက်ကို စိတ်ချစွာနှင့်ပဲ တောင်ကြီးကိုပြန်သွားကြပါသည်။ ဖေဖေ့ကို ဒီမှာပဲအတူနေစေချင်ပေမဲ့ တသက်လုံးလဲ အလုပ်တွေနှင့်ပိနေခဲ့သူကို ကောင်းကောင်းနားစေချင်ပါသည်။ စိုင်းနေလဲ အရင်လို ပေါ့ပျက်ပျက်နေလို့မရတော့ ။ လုပ်ငန်းကြီးတွေကို အထက်လူကြီးအဖြစ်ဦးဆောင်နေရတာကြောင့် သူလဲတော်တော်ရင့်ကျက်လာပါသည်။ အလွှမ်းရောင်နှင့်လဲ အဆင်ပြေနေတာမျိုးတော့မဟုတ်ပေမဲ့ အထူးအထွေ ပြသနာတက်တာမျိုးမရှိတော့ပါ။

အင်း ~~~ဟင်းးး

ညသန်းခေါင်ကြီးကျမှ့ ညည်းသံကြားလိုက်ရာ‌တာကြောင့် စိုင်းနေက ခေါင်းထောင်သွားပြီး ကုတင်ဘေးကကောင်ကိုထကြည့်တယ်။ အလွှမ်းရောင်ရဲ့ကျောပြင်ကျယ်က အနည်းငယ်တုန်ခါနေသည် ။

သူ ...ချမ်းနေတာလား...

ဆောင်းတွင်းဝင်လာပြီဖြစ်တဲ့အပြင် နေ့တိုင်းကြမ်းပြင်မှာအိပ်ရတာမို့ ဒီကောင်သက်တောင့်သက်သာတော့ ရှိမှာမဟုတ်ပေ။ မင်းအရင်အခန်းမှာပဲ ပြန်သွားအိပ်ပါလားလို့ ပြောခဲ့ဖူးပေမဲ့ အလွှမ်းရောင်က မကြားသလိုပဲနေသည် ။ ညနေက ဒီကောင် တင်ဒါအောင်ထားသည့် site ထဲ တာဝန်ခံအင်ဂျင်နီယာနဲ့အတူသွားကြည့်ကြသည်။ သူလိုက်ချင်ပေမဲ့ အလွှမ်းရောင်က မခေါ်ခဲ့။

"အစိုးရလုပ်ငန်းတွေက စာရင်းစစ်အရမ်းရစ်တာ ကိုကိုရဲ့၊ အမှားခံလို့မရဘူး ၊ နေရာက ဝေးလဲဝေးတယ် ၊ ကျွန်တော်ပဲသွားကြည့်လိုက်မယ်နော် "

သူသွားကြည့်တာ ကျောင်းဆောင်တစ်ခုလို့တော့သိရသည်။ အဲ့ဒီကပြန်လာကတည်းက နှာတရှုံ့ရှုံ့‌နှင့် အလွှမ်းရောင်ကိုကြည့်ရတာ သိပ်ပြီးမလန်းဆန်း။ ဒီကြားထဲရေကို တနာရီလောက် ထိုင်ချိုးနေလိုက်သေးသည်။ အရင်လိုပေါက်ကရစကားတွေ လာမပြောတော့ပဲ သူ့ laptop လေးနဲ့ အိပ်ခါနီးအလုပ်တွေလုပ်နေသေးသည်။ သူဘယ်အချိန်အိပ်ရာဝင်လဲတော့ စိုင်းနေလဲသတိမထားမိတော့ပါ။

"အလွှမ်းရောင် ...အလွှမ်းရောင် "

ပြန်ထူးမလာတာကြောင့် ကုတင်အောက်ဆင်းပြီး သူ့နဖူးကိုစမ်းကြည့်ရသည်။ လူကောင်ဘယ်လောက်ပဲကြီးလာကြီးလာ ကလေးပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ရကောင်းမှန်းမသိတဲ့ အလုပ်သရဲကောင်။ ကိုယ်က တော်တော်ပူနေတာမို့ ဘာလုပ်ရမှန်းမသိဖြစ်ရသည်။

Let Me Hug You (Completed)Tempat cerita menjadi hidup. Temukan sekarang