7. You're Baby (မင်းက ကလေးလေး / မင်းက ကလေးလေး)

227 19 10
                                    

You're Baby (မင်းက ကလေးလေး)

"ပါတီပွဲစရအောင်"
Yan Liက လက်ခုပ်တီးပြီး ခွက်တွေထဲကို သောက်စရာလေး လောင်းထည့်လိုက်သည်။

သူငယ်ချင်း ၄ ယောက်ဟာ ဧည့်ခန်းမှာထိုင်နေပြီး ညအိပ်ဝတ်စုံဝတ်ထားကြလေသည်။

"ဒါကယောက်ျားလေးပါတီနဲ့လည်းမတူဘူး"
Chengက ညည်းတွားသည်။

"ok Cheng"
Yan li တစ်ခုခုပြောဖို့အဆင်သင့်ဖြစ်နေပြီ။
"ဒီမှာကြည့်လေ၊ ငါက ယောက်ျားတွေကို ကြိုက်တယ်၊ ငါတို့အားလုံးသိတဲ့အတိုင်းဆို Yiboကလည်း ငါ့အစ်ကိုကို လိုချင်နေတာ ချာချာကိုလည်လို့၊ နောက်ပြီးတော့ နင်တို့နှစ်ယောက်ကိုလည်း အစစ်ကောင်တွေဖြစ်လိမ့်မယ်လို့ ငါကတော့ မထင်ပါဘူးနော်"

"တခါတလေ တိတ်တိတ်လေးနေရတာ ပိုကောင်းတယ် ငါ့သူငယ်ချင်း "
Haikuan အရယ်ရပ်ပြီး Cheng ရဲ့ကျောကိုပုတ်လိုက်သည်။

"ဒါနဲ့လေ jiejie၊ ဒါ ဘာအရည်တွေလဲ ? တအားပြင်းတာရော်၊ ငါ့ပါးတွေ ပူနေပြီ"

"ဒါက Yibo နင့်ရဲ့ခင်ပွန်းလောင်း စုဆောင်းထားတဲ့ထဲက ဝီစကီတွေ"

"သူ ငါတို့ကိုသတ်တော့မှာပဲ ?"

"ပြဿနာမရှိဘူး၊ သူငါ့ကို ဘာမဆိုလုပ်ခွင့်ပြုတယ်။ ok ငါတို့'အမေးအဖြေ'ဂိမ်းကစားရအောင်၊ ဘယ်သူမဆို ယမကာသောက်မိရင် အမှန်တွေပဲပြောတော့တာဆိုတော့လေ"

ပထမမေးခွန်း "နင်တို့အိမ်မက်က ဘာလဲ၊ ငါ့သူငယ်ချင်းတွေ"

Haikuan "ငါက တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ချင်တယ်။ ငါငယ်ငယ်တုန်းက ငါ့ခွေးပေါက်လေးဖျားပြီး ငါတို့သူ့ကိုမကယ်နိုင်ခဲ့ဘူး။ငါတအားငိုခဲ့ရတာ မှတ်မိသေးတယ်။ နောက်တော့ အနာဂတ်မှာ အိမ်မွေးတိရိစ္ဆာန်များစွာကို ကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုမိတာပေါ့၊ ဒါမှလည်း ငါ့လိုမျိုးခံစားရမယ့် ကလေးအရည်အတွက် နည်းသွားမှာမလား "

Cheng "ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်ဖို့က ငါ့အိပ်မက်လေ၊ ပျော်စရာကောင်းတယ်၊ ငါအကြိုက်ဆုံးကိုလုပ်မယ်၊ ငွေရှာမယ် "

Yibo "ငါက စီးပွားရေးကို သင်ယူနေပေမယ့် ငါ့အိမ်မက်က idolတစ်ယောက်ဖြစ်ဖို့လေ။ ငါက ကခုန်ရတာမျိုး၊ သီချင်းဆိုရတာမျိုးကို ရူးသွပ်တယ်။ ငါမကြာခင်မှာ idol company တစ်ခုခုကို ဝင်ရတော့မှာပါ"

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Where stories live. Discover now