12. ကိုယ် မင်းလေးရဲ့အကြောင်းကိုပိုသိချင်ပါတယ် (I want to know u better)

193 6 0
                                    

12.ကိုယ် မင်းလေးရဲ့အကြောင်းကိုပိုသိချင်ပါတယ်

Zhanရဲ့ အိပ်ယာပေါ်မှာ နိုးလာကတည်းက မနေ့ညက အဖြစ်အပျက်ဟာ သူ အိပ်မက်မက်နေခဲ့တာ မဟုတ်ပါဘူးလို့ Yibo ယုံကြည်လို့ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်သာဖြစ်သည်။ သူတို့ရဲ့ ပထမဆုံး အနမ်းနဲ့ တင်းကျပ်တဲ့ ပွေ့ဖက်မှုတွေကို ပြန်လည်တွေးတောမိပြန်တော့ ရိပေါ် ရှက်လွန်းလို့ ခေါင်းအုံးကြား မျက်နှာအပ်လိုက်တယ်။ နောက်ပြီး ကလေးတစ်ယောက်လို ခုန်ပေါက်နေပြန်တယ်။
"ပျော်စရာကောင်းလိုက်တာနော်! ငါ သိပ်​ပျော်တာပဲ!"

စိတ်အေးအေးထားပြီးတဲ့နောက် မီးဖိုချောင်ထဲမှာ Fan fiction ထိုင်ရေးနေလေ့ရှိတဲ့ Yanliကို ရှာဖွေရန်အလို့ငှါ အခန်းထဲမှ ထွက်လာခဲ့တယ်။

"good morning jiejie"
Yiboက Yanliရဲ့ခေါင်းကို ညင်သာစွာ ဖွဖွလေးပုတ်ကာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
"ဒီနေ့ရော ကျန့်ကောကောက အလုပ်သွားမှာတဲ့လား"

"သွားမယ်ထင်တာပဲ.. နေပါဦး ဒီအထူးတဆန်း ​ပျော်ရွှင်နေတဲ့မျက်နှာပေးက ဘာလဲ ?.. သဘောကျတဲ့ အရုပ်ကလေးကိုရသွားတဲ့ ကလေးလေးနဲ့တူနေတယ်နော်.. အဲ့လိုမှမဟုတ် မနေ့ညက အရုပ်ထက် ပိုကောင်းတဲ့ တစ်ခုခုရလာတယ်မလား ပြောစမ်း"
Yanli မျက်လုံးပြူးပြီး Yibo ရဲ့ အဖြေကို စောင့်နေလေတယ်။

"Yanli မင်းစိတ်ကလေ ညစ်ပတ်နေတော့တာပဲ"
Yibo ရဲ့ မျက်နှာက ခရမ်းချဉ်သီးလို နီရဲလာပြီး
"ပြီးကျတော့ ငါတို့ အဲလို ဘာမှမဘာခဲ့ပါဘူး"

"ဘာလို့ညစ်ပတ်ရမှာလဲ.. ဒါနဲ့ အဲဒါ ဘာဖြစ်ကြတာလဲ ? Gegeက နင့်ကို စိုက်ကြည့်နေတာ ငါ မြင်ပါတယ်ဟဲ့.. သူက နင့်ကို အရှင်လတ်လတ် စားချင်နေတာ သေချာပါတယ်ဟဲ့.. နင် အခုထိ လူပျိုဖြစ်နေသေးတာတောင် ငါ အံ့သြလို့ အစမဆုံးဘူးဟယ်"

"အေးပါကွာ မင်းကို မင်းရဲ့အကိုက ဘာလို့အရူးထောင် မပို့တာလဲဆိုတာပဲ ငါအံ့သြတယ် ဒါနဲ့ မင်းဘာတွေရေးနေတာလဲ"
Yibo က ထပြီး လက်တော့ပ်ကို ချောင်းကြည့်တယ်။

"ငါ့ရဲ့အကြိုက်ဆုံး အေပရွန်ဇာတ်ဝင်ခန်းရေးနေတာလေ အဟိ"

"အေပရွန်တဲ့လားဟ ?"

Você leu todos os capítulos publicados.

⏰ Última atualização: Feb 13, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Onde histórias criam vida. Descubra agora