4. I knew it. (ငါသိသားပဲ/ငါသိသားပဲ)

288 27 0
                                    

I knew it. (ငါသိသားပဲ)

"ဟုတ် မား၊ ရိပေါ် တကယ်အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့၊ အိမ်မှာ တစ်ယောက်တည်းနေဖို့ ရိပေါ် အရွယ်ရောက်နေပါပြီ မေမေရဲ့၊ မေမေလည်း ဖေဖေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ၊ နောက်မှ ဖုန်းဆက်မယ်၊ ချစ်တယ်နော် မေမေ"

Yiboက ဖုန်းချလိုက်ပြီး တယ်လီစကုပ်ဘေးမှာ သူ့ပုံမှန်နေရာကိုယူလိုက်သည်။ မနေ့ညက သူသိပ်ဝမ်းနည်းခဲ့ရတယ်၊ Zhanရဲ့မျက်လုံးထဲမှာမြင်ရတဲ့စိတ်အနှောင့်အယှက်က သူ့ကိုအရမ်းနာကျင်စေခဲ့တယ်။ သူက Zhanကို အခြားလူတွေရှေ့မှာ ဘယ်လိုဆက်ဆံနေနိုင်ခဲ့သလဲ၊ ဒါပေမယ့်သူ့နှုတ်ကနေ "မင်္ဂလာဆောင်"ဆိုတဲ့စကားကြားလိုက်တာနဲ့ အခြားတစ်ယောက်နဲ့သူ့ကိုစိတ်ကူးပုံဖော်ကြည့်တာက သူ့ကိုရူးသွပ်သွားစေခဲ့တယ်။ သူမဟုတ်ဘဲ အခြားတစ်ယောက်နဲ့ Zhan ပျော်ရွှင်နေတာကို မမြင်ရအောင် သူကအဝေးတစ်နေရာကို ထွက်ပြေးသွားရလိမ့်မယ်။ Yibo မှန်ပြောင်းကို အောက်ငုံ့လိုက်ပြီး သူ့နှလုံးခုန်မြန်လာတယ်။

"Yibo, Yibo ဘာလုပ်နေတာလဲ၊ မင်းသူငယ်ချင်းတွေ ဒီမှာရောက်နေပြီ"
Cheng နဲ့ Haikuanက အခန်းထဲကို ၀င်လာပြီး
"မင်းဘာကြည့်နေတာလဲ ?ငါ့ကိုလည်း ပေးကြည့်ပါဦး"
Yibo ပြင်းပြင်းထန်ထန်ငြင်းဆန်သော်လည်း Chengက မှန်ပြောင်းကို ကြည့်ပြီးနေပြီဖြစ်ပြီး supriseဖြစ်သွားကာ မျက်လုံးများပြူးကျယ်သွားသည်။

"မင်း လူတစ်ယောက်ကို ကြည့်နေတယ် အိုးမိုင်ဂေါ့၊ နေပါဦး ဒါက Yan Liရဲ့အိမ်မဟုတ်ဘူးလား ? ပြီးတော့ ဒီအရပ်မြင့်မြင့်နဲ့ စလင်းဘော်ဒီက...."
Chengက Yiboကို အမြန်ပြန်ကြည့်ပြီး
"မင်း Zhanကို လိုက်ကြည့်နေတာလား။ Yibo မင်း ၊ မင်းက နှာဘူးလား ? ငါတို့မျက်စိရှေ့မှာ မင်းက ဒီလိုလုပ်နေတယ်"

"မဟုတ်၊ မဟုတ်ဘူး ငါက"
Yiboရဲ့မျက်နှာက ရှက်စိတ်ကြောင့် နီရဲလာပြီး
"အဲဒါက ဘာလို့လဲဆိုတော့ ငါက... "

"သူက ငါ့အကိုကို ချစ်နေတာ"
ရုတ်တရက်အသံက သူတို့ကိုလန့်သွားစေတယ်။

"Yibo နင်က ငါ့ကို ဘာမှမသိတဲ့ တုံးအအနဲ့ကန်းနေတဲ့သူလို့ ထင်နေတာလား ?"
ယန်းလီက သူ့သူငယ်ချင်းဘေးမှာ ဝင်ထိုင်ပြီး သူ့သူငယ်ချင်းဆံပင်ကို ဖွလိုက်တယ်။
"ငါက နင့်မျက်နှာကို ဖတ်ကြည့်နိုင်တယ်လေ"

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Onde histórias criam vida. Descubra agora