10. Cause it's u (မင်းဖြစ်နေလို့ပါ)

235 14 10
                                    

Cause it's u (မင်းဖြစ်နေလို့ပါ)

(ဒီအခန်းမှာ ချိုမြိန်ဖွယ်အခိုက်အတန့်အချို့နှင့်အတူ ကျန့်၏ခံစားချက်များအကြောင်း အများစုပါဝင်မည်ဖြစ်သည်။)

ကျန့်နိုးလာလာချင်း ပထမဆုံးတွေ့လိုက်ရသည်မှာကတော့ ရိပေါ်ရဲ့ အနီရောင်နှုတ်ခမ်းအစုံပင်ဖြစ်ပြီး သူ့မျက်နှာရှေ့ တစ်လက်မသာကွာဝေးပါသည်။ သူက ပြုံးပြီး ပိုလို့တောင် အနီးကပ်တိုးသွားလိုက်သေးသည်။ရိပေါ်ဆီမှလာသည့်အနွေးဓာတ်ဟာဖြင့် ကျန့်ကို တည်ငြိမ်အေးချမ်းနေစေလေသည်။သူ့မျက်လုံးတွေကိုတစ်ဖန်ပြန်မှိတ်လိုက်ပြီး ရိပေါ်ရဲ့ခါးသွယ်သွယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
(ပုံ)

ကျန့်နိုးလာလာချင်း ပထမဆုံးတွေ့လိုက်ရသည်မှာကတော့ ရိပေါ်ရဲ့ အနီရောင်နှုတ်ခမ်းအစုံပင်ဖြစ်ပြီး သူ့မျက်နှာရှေ့ တစ်လက်မသာကွာဝေးပါသည်။ သူက ပြုံးပြီး ပိုလို့တောင် အနီးကပ်တိုးသွားလိုက်သေးသည်။ရိပေါ်ဆီမှလာသည့်အနွေးဓာတ်ဟာဖြင့် ကျန့်ကို တည်ငြိမ်အေးချမ်းနေစေလေသ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကိုကို"
နိုးတဝက် အိပ်တဝက်ဖြစ်နေသည့် ရိပေါ်က ဗလုံးဗထွေးရေရွတ်ပြီး သူ့နဖူးကို ထိကြည့်လာသည်။
"ဖျားနေသေးတာလား၊ ? ချမ်းနေသေးတုန်းလား ကျန့်ကော ?"

"မဖျားတော့ပါဘူး။ ကောင်းသွားပါပြီကွ"

"ဒါဆိုလည်း ကျွန်တော့ကို ဘာလို့ ဖက်ထားတာလဲဗျ ?"

"ဟုတ်သား"
ကျန့်သည် မြန်မြန်ထလိုက်ပြီး နီရဲနေတဲ့ မျက်နှာလေးကို ဖုံးကွယ်လျက်
"ညတုန်းက အိပ်ရောအိပ်ရရဲ့လား ရိပေါ် ? မင်းမျက်လုံးတွေ တော်တော်နီရဲနေပြီနော်"
သူ့အသံမှာ စိုးရိမ်မှုအပြည့်ပါဝင်နေလေသည်။

"ဘာမှမဖြစ်ပါဘူး ကျန့်ကောရဲ့။ ရိပေါ်က ကိုကို ထပ်ပြီးအဖျားတက်သွားမှာကိုပဲ စိုးနေခဲ့တာပါ"
ရိပေါ်ရှက်ပြုံးလေး ပြုံးလိုက်သည်။ သူ့မှာ ဘယ်လိုလုပ်အိပ်ပျော်နိုင်ခဲ့မှာလဲ။ သူ့နံဘေးမှာ ကျန့်က နီးနီးကပ်ကပ်ကြီးလှဲအိပ်နေပြီးတော့ သူ့ကိုလည်း တင်းတင်းကြပ်ကြပ်ကြီး ဖက်ထားသေးသည်လေ။ ရိပေါ်လုပ်နိုင်တာဆိုလို့ ကျန့်ကောကို မျက်တောင်မခတ်စတမ်း ကြည့်နေပြီး ကျန့်ကောမျက်နှာကို တုန်ရီနေသည့် သူ့လက်နှစ်ဖက်နှင့် ထိတွေ့ကိုင်တွယ်နေဖို့သာရှိသည်။
"ငါ တော်တော်အရှက်မရှိလိုက်တာနော်"
သူ တွေးမိသည်။
"ငါက မကျန်းမမာဖြစ်နေတဲ့သူကို အသားယူနေမိတာပါလား "

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Where stories live. Discover now