9. Won't you stay? (မနေပေးတော့ဘူးလားဟင်)

212 9 12
                                    

Won't you stay? (မနေပေးတော့ဘူးလားဟင်)

ကောလိပ်မှ ကျောင်းသားအုပ်စုအချို့သည် စခန်းချခရီးစဉ်သို့ သွားခဲ့ကြပြီး "အပျိုစင်ဂိုဏ်း"လည်း ပါ၀င်ခဲ့သည်။ Chengနှင့် Haikuanတို့ ခပ်လှမ်းလှမ်းတွင် ရှိနေစဉ်တွင် Yanli နှင့် Yibo တို့ဟာ ဘတ်စ်ကားပေါ်တွင် မရပ်မနား လေပေါနေကြလေသည်။ အကုန်လံုး အခြေချပြီးနောက် Yanliဟာ တဲအတွင်းမှ သူငယ်ချင်းများနှင့် ပေါင်းပြီး နှုတ်ခမ်းစူကာဖြင့်

"ငါတို့ ကောလိပ်က ကောင်မလေးတွေက သိပ်ပျင်းစရာကောင်းလွန်းပါ့ဟယ်။ သူတို့မှာ အလုပ်ဆိုလို့ မိတ်ကပ်အကြောင်းရယ်၊ ယောက်ျားလေးတွေနဲ့ ချိန်းတွေ့ကြတဲ့အကြောင်းရယ် ပြောနေကြတာပဲရှိတယ်။ နင်တို့နဲ့ပေါင်းရတာကမှ ပိုပျော်စရာကောင်းပြီး ပိုစိတ်ဝင်စားစရာကောင်းဦးမယ်"

"ငါလည်း တစ်ခါတစ်လေဆို မင်းကို ငါတို့လို ယောက်ျားလေးလို့ထင်သွားတာဟ၊ တော်တော်လှနေတာက လွဲလို့ပေါ့ ဟား ဟား"
Chengဟာ ရယ်လျက် ဆိုလေသည်။

"ငါတို့ပါတီအကြောင်း ပြန်တွေးမိတိုင်း ရှက်နေတုန်းပဲဟယ်၊ Yubinက အခုဆိုငါ့အကြောင်း ဘာတွေတွေးနေမလဲ အံ့သြမိတယ် တကတည်း"

"ဘာပဲဖြစ်ဖြစ် မင်းသူ့အတွက် ခံစားချက်ရှိသလား ?"
Yiboက မေးလေရာ။

"ငါ့မှာ ခံစားချက်ရှိတယ်ဆိုရင်တောင် မဖြစ်နိုင်ဘူးလေ၊ gegeက အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ငါ့ကို ချုပ်ချယ်လွန်းပါတယ်ဟယ်"
Yanliရဲ့မျက်နှာက ဝမ်းနည်းပုံပေါက်လာလေသည်။
"သူတို့က သူငယ်ချင်းအရင်းကြီးတွေလေ၊ ညီအကိုတွေအတိုင်းပဲဆိုတော့ Yu Binကလည်း ငါ့ကို ညီမလေးလိုပဲ မြင်မှာ သေချာတယ်လေ"

"စိတ်ပူမနေပါနဲ့တော့ ရန်းလီ"
Yiboက Yan Liအနားကို တိုးလာပြီး သူ့ကို ဖက်ကာ
"ငါ Zhan ရဲ့ ချစ်သူဖြစ်လာပြီးရင် မင်းကို ကူညီမှာပေါ့ဟ၊ မင်း ငါ့ကို ကူညီပေးခဲ့သလိုပဲလေ"

"ဒီယုံကြည်ချက်ရှိနေတဲ့ကောင်စုတ်လေးကိုကြည့်စမ်း၊ Zhan က သူ့ကိုရိုက်ခွင့်ပြုရုံပဲရှိသေးတယ်၊ မင်းကိုကူညီဖို့ စဉ်းစားနေပြီ"

"နေပါဦး၊ ဘုရားရေ၊ yu bin က ငါ့ကို ဖုန်းခေါ်နေတယ်တော့"
Yanliက ဝမ်းသာအားရ မျက်နှာထားဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး
"ဘာပြောလိုက်တာ ? gege ဘာဖြစ်တာလဲရှင့် ? ဟုတ် သိပါတယ်။ ကွျန်မဆီ ကားတစ်စီးလွှတ်ပေးပါနော်"

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Where stories live. Discover now