8. Permission (ခွင့်ပြုချက်)

213 16 10
                                    

Permission (ခွင့်ပြုချက်)

Yibo ကို Zhan ရဲ့အခန်းထဲသို့ "မတော်တဆ" ပို့လိုက်ပြီးတဲ့နောက် Haikuanက ခြေထောက်တွေနဲ့ စက်ဝိုင်းဆွဲနေတဲ့ အရက်မူးသမား Cheng ရဲ့နောက်ကို အမြန်လိုက်ကာ

"ဟေ့ကောင် လဲကျလိမ့်မယ်"

"မလဲပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းကငါ့ကို ဖမ်းတော့မှာလေ"
Chengဟာ တခစ်ခစ်ရယ်လေတယ်။

Haikuan သက်ပြင်းချပြီး အခန်းထဲသို့ ခေါ်ဆောင်သွားရာ ချန်းရဲ့ ပထမဆုံးလုပ်ရပ်မှာ မျောက်လို ကုတင်ပေါ်တွင် ခုန်ပေါက်ပြီး လွတ်လွတ်လပ်လပ် ချစ်စရာကောင်းစွာ ရယ်မောလိုက်ခြင်းပင်။Haikuanဟာ သူ့ကိုယ်သူမအောင့်အည်းနိုင်ဘဲ Chengအပြုအမူကိုကြည့်ပြီး ပြုံးမိ၏။

"ငါနဲ့အတူတူ မဆော့ဘူးလား"
Cheng က ဆင်းလာပြီး Haikuanကို ကုတင်ပေါ်ဆွဲတင်လိုက်သော်လည်း ရုတ်တရက် သူတို့နှစ်ယောက်လုံး ဟန်ချက်ပျက်သွားရကာ တစ်ယောက်အပေါ်မှာတစ်ယောက်ထပ်ကာ လဲကျသွားတယ်။

"ထွက်သွား"
Haikuan ၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေပြီး Cheng ၏ ချစ်စရာ မျက်နှာလေးကို တစ်လက်မအကွာမှ ကြည့်နေရင်း အလွန်စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ဘာပြုလို့လဲ ?"
Cheng က ရယ်မောပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ Haikuanရဲ့ ရင်ဘတ်ပေါ် လက်ချောင်းတွေပြေးဆော့လျက်
"မင်းကို စိတ်ရှုပ်ထွေးအောင် လုပ်မိသွားလို့လား ? ဒါမှမဟုတ် ငါ လှနေလို့လား ?"

"ဘာ ?"

"ရိုးရိုးသားသားပြောရရင်"
Cheng က ဆက်ပြောတယ်။
"မင်းက တကယ်ချောတာပဲ။ မင်းဆီက အနမ်းကို ဘယ်သူက ဘယ်လိုယူနိုင်မှာတဲ့လဲ ?"

"Cheng ငါ သည်းခံနိုင်စွမ်း ကုန်နေပြီနော်"
Haikuanက သူ့ကိုဖယ်ရှားဖို့ ကြိုးစားကြည့်ပြန်တယ်။ အင်အားမသုံးဘဲ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ် ဟုတ် ?

"မင်း့သည်းခံနိုင်စွမ်းကို ငါ လွယ်လွယ်ကူကူပြောင်းပစ်နိုင်ပါတယ်ကွာ"
Chengက ပြောပြီး Haikuan ပြန်မပြောနိုင်ခင် သူတို့နှုတ်ခမ်းချင်း ထိမိနေကြပြီးပြီ။Haikuanဟာ အမည်မသိတဲ့ခံစားချက်တစ်ခုခံစားနေရပြီး မောဟိုက်နေရသည်။ အခု သူဘာတွေခံစားနေရတာလဲ ? အံ့အားသင့်နေတာလား၊ ဝမ်းသာနေတာလား၊ ဒေါသထွက်နေတာလား ?ငါးနှစ်ကြာ ခင်မင်ရင်းနှီးခဲ့တဲ့အတောအတွင်း Cheng နှင့် ထိုကဲ့သို့ တစ်ခုခုလုပ်ရန် စိတ်ကူးမယဉ်ခဲ့ဖူးပေ။ Cheng ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ပြီး ရန်ဖြစ်ရန် အသင့်ပြင်ထားသော်လည်း ထိုသူဟာ ငြိမ်သက်စွာ အိပ်ပျော်နေပြီဖြစ်သည်။

BF FOR GEGE 💓💚 (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန် ) (Ongoing)Onde histórias criam vida. Descubra agora