Part 1

171 15 2
                                    

"ဘာ သားလုံးဝလက်မထပ်နိုင်ဘူးဒယ်ဒီ ၊ သားအိပ်မက်တွေဘာတစ်ခုမှမဖြစ်မြောက်သေးဘူး ၊ ပြီးတော့သားကယောက်ျားတစ်ယောက်ပါ‌ဒယ်ဒီ ၊ ယောက်ျားတစ်ယောက်က ယောက်ျားယူရမယ်ဆိုတာ ဘယ်လိုမှလက်မခံနိုင်ဘူးဒယ်ဒီ "

"မင်းလက်ခံရမယ် Kim Jong In. ငါကမင်းကိုအသိပေးရုံသက်သက်ပဲ၊ မင်းဆန္ဒကိုမေးနေတာမဟုတ်ဘူး ၊ မင်း Doh စားသောက်ကုန်လုပ်ငန်းစုက တစ်ဦးတည်းသောသား Doh Kyung Sooနဲ့ လက်ထပ်ကိုထပ်ရမယ် ၊ ဒါငါ့ရဲ့နောက်ဆုံးစကားပဲ"

အမြဲတမ်းသူ့ဆန္ဒကိုသာဦးစားပေးတတ်တဲ့ဒယဒီက ပခုလည်းသူပြောချင်တာပြောပြီးထသွားလေသည်။ စီးပွားရေးအတွက်သာဆိုရင် ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်သည်။ အခုလည်း ကမ်းခြေတစ်ခုမှာ Hotelအသစ်ထပ်ဖွင့်ဖို့အတွက် အစားအသောက်ပိုင်းဆိုင်ရာ Do Groupနဲ့ လက်တွဲနိုင်ဖို့အတွက် Do groupရဲ့သား နဲ့လက်ထပ်ခိုင်းနေခြင်းပင်။ ဖြူသလားမဲသလား ပုသလားရှည်သလားတောင်မသိရတဲ့လူနဲ့ သူလုံးဝလက်မထပ်ချင်ပါ။

"Jong In naa.. ဒယ်ဒီ့အကြောင်းလည်း မင်းသိတာပဲကွာ Hyungတို့ညီအကိုနှစ်ယောက်ဘာများရွေးချယ်နိုင်ကြလို့လဲ ၊ ဘယ်လောက်ပဲငြင်းနေပါစေ နောက်ဆုံး အရှုံးပေးကြရတာပဲ"

ဟုတ်သည်။ ဆရာဝန်အရမ်းဖြစ်ချင်ခဲ့တဲ့ Hyung Kim Min Seok ကိုစီးပွားရေးဘွဲ့အတင်းယူခိုင်းကာ သူ့လုပ်ငန်းတစ်ချို့တစ်ဝက်ကိုဦးစီးစေခဲ့သည်။ သားတို့အတွက်ဟုအကြောင်းပြကာ တစ်ကိုယ်ကောင်းဆန်ဆန်အတ္တကြီးကြီးလုပ်ခဲ့သူက ဒယ်ဒီပဲဖြစ်သည်။
Hyung လည်းသူ့ပုခုံးကိုနှစ်သိမ့်သလိုပုပ်ပေးပြီးသက်ပြင်းချကာ သူ့အခန်းထဲဝင်သွားတော့သည်။ သူကတော့ သူငယ်ချင်းဖြစ်သူ ရဲအုပ်Pack Chan Yeolကိုဖုန်းဆက်ကာ

"Yeollie ငါလူတစ်ယောက်အကြောင်းစုံစမ်းချင်တယ် ။ နာမည်က Doh Kyung Soo"

"...................."

"အေး ငါမနက်ဖြန်မနက် မင်းဆီလာခဲ့မယ် မင်းစခန်းနားက ကော်ဖီဆိုင်မှာ 11လောက်တွေ့ကြတာပေါ့"

ဖုန်းချသွားတော့ သူမဲ့ပြုံးတစ်ချက်ပြုံးကာအိပ်ယာဝင်ဖို့အတွက် အခန်းထဲဝင်ခဲ့လိုက်သည်။
တစ်ဖက်မှာတော့

With Christmas ❄️Where stories live. Discover now