Sunday......တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က Christmasနေ့ဖြစ်လေသည်။
စနေနေ့ညနေထဲက ဟိုတယ်ကိုအကုန်ကြိုရောက်နေကြတာမို့ Sundayမနက်ကျပြင်ဆင်စရာရှိတာများကိုပြင်ဆင်ကာအေးအေးဆေးဆေးပင်ပွဲစကြသည်။
D.O နဲ့ Jong Inကတော့ သူတို့အပေါင်းအသင်းတွေနဲ့ပင်တစ်ဝိုင်းသီးသန့်ဖြစ်နေလေသည်။ စေ့စပ်ပွဲသာဆိုတယ် လာလိုက်ကြတဲ့လူတွေကမနည်းမနောပင် သူတို့ကိုပြင်ဆင်ပေးထားတာကလည်း မင်္လာဆောင်ကဲ့သို့ပင် ၊ သူတို့လည်းဒီတိုင်းပဲနေလိုက်ကြသည်။
ဟိုတယ်ဖွင့်ပွဲပြီးတော့ သူတို့ရဲ့စေ့စပ်ပွဲဟုဆိုတာ ခန်းမကြီးထဲတွင်နေရာယူကြသည်။ ပြီးမှသူတို့ကိုခေါ်ကာ မင်္ဂလာပွဲကိုကျင်းပပေးလိုက်ကြသည်။ သတို့သားနှစ်ယောက်ကတော့ တအံ့တဩ Min Seokနဲ့ Suhoကတော့ ကြိုသိနေကြသည့်ပုံစံနဲ့ Chan Yeolနဲ့ Beak ကတော့ သတို့သားအရံများပင်ဖြစ်နေကြသည်။ အဲ့လိုနဲ့ ဘာအစီအစဉ်မှမရှိကြပါပဲ သူတို့ရဲ့လက်မှာလက်ထပ်လက်စွပ် ဝတ်ပြီးကြပြီး ကတိသစ္စာလည်းပြုပြီးဖြစ်သွားသည်။ပွဲပြီးသွားတော့ Jong Inတစ်ယောက် သောင်းကျန်းလေသည်။
"ဟက် ဘယ်လိုလဲ Do Kyung Soo, ကျနော့်ကိုအခုလိုလုပ်လိုက်ရတာပျော်ရဲ့လား"
"ဟမ် Hyungဘာလုပ်မိလို့လဲ"
"အဟက် အခုမှလာပြီးရိုးသားတဲ့ပုံစံလုပ်ပြမနေနဲ့ ၊ ဒယ်ဒီတို့ကိုပြောပြီး ကျနော့်ကိုခြေချုပ်မိအောင်လုပ်လိုက်တာလေ ၊ ဒီမှာ Do Kyung Sooခင်ဗျားကျနော့်ကိုဘယ်လိုပဲအပိုင်ကြံကြံ ကျနော့်ကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာ ခေါင်းထဲမှာမှတ်ထားလိုက်"
ပြောချင်ရာပြောကာ ထွက်သွားသည်မို့ ရှင်းပြချိန်ရောတားချိန်ပါမရလိုက် ၊မင်္ဂလာဦးအစမှာပဲ ပျော်ရွှင်စရာမကောင်းခဲ့ပေ။ သူလည်းတစ်ညလုံးJong Inပြန်လာမလားဆိုပြီးစောင့်နေသော်လည်း ပြန်မလာခဲ့ပေ။
"Merry Christmasပါ Jong In naa"
ဘယ်သူမှမရှိတဲ့အခန်းထဲမှာ သူတစ်ယောက်ထဲရေရွတ်မိသည်။ တစ်ညလုံးစောင့်နေခဲ့ပြီး မနက်လင်းခါနီးမှအိပ်ပျော်သွားခဲ့သည်။မနက်သူနိုးတဲ့ထိ Jong Inကတော့ပြန်မရောက်သေးပေ ။ သူဖုန်းဆက်ကြည့်တော့ ဆိုးလ်ကိုပင်ပြန်ရောက်နေပြီဖြစ်သည်။ သူလည်းဖုန်းချလိုက်ပြီး ပြန်လာခဲ့ကြသည်။ ဆိုးလ်ကိုရောက်တော့ သူတို့မိဘတွေလက်ဖွဲ့ထားတဲ့ အိမ်မှာပဲနေခဲ့သည်။

YOU ARE READING
With Christmas ❄️
FanfictionKim Jong In_ ကျနော့်စိတ်တွေက်ိုပြောင်းလဲပြီး အရင်တစ်နှစ်ကိုသာပြန်သွားခဲ့လို့ရရင် ကျနော်တို့ ဒီChristmasမှာအတူတူရှိနေနိုင်မယ်ထင်တယ် Hyung ..... Do Kyung Soo _ မင်းအကြောင်းကိုတွေးမိလိုက်တိုင်း ငါမျက်ရည်ကျနေတုန်းပဲ Jong In na......