သူ Chan Yeolပေးတဲ့ USB တစ်ခုကိုဖွင့်ကြည့်နေသည်။
သူတို့လက်ထပ်ပွဲမတိုင်ခင်ည ၊ သူတို့အကုန်စုကာ ဘီယာသောက်ရင်းကြက်ကြော်စားနေကြသည်။ D.Oကတော့ မသောက်ချင်ဟုဆိုတာ ကမ်းခြေနားကခုံလေးမှာသွားထိုင်နေသည်။ သူ D.Oနားကိုထသွားကာ ဘေးမှာဝင်ထိုင်လိုက်ပြီး
"Hyung ကျနော်တို့ကမနက်ကျရင်စေ့စပ်ရတော့မှာနော် "
"အင်းလေ Jong In naa ၊ ဘာဖြစ်လို့လဲ၊ မစေ့စပ်ချင်လို့လား"
"ဟုတ်တယ် ၊ ကျနော် မစေ့စပ်ချင်ဘူး ၊ ကျနော်ကhuyngကိုတစ်ခါထဲလက်ထပ်ချင်တာ"
"ဟားးဟာားး Jong Inလေးမူးနေပြီထင်တယ်၊ Jong InကHyungကိုမှမချစ်တာ ပြီးတော့လက်လည်းမထပ်ချင်ဘူးလေ ၊ မဖြစ်မနေလက်ထပ်ရမှာမို့ တစ်နှစ်ပြည့်ရင်ကွာရှင်းကြမယ် ၊ ကြားထဲမှာလည်းကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်နေကြမယ်လို့ပြောခဲ့တာလေ"
"အာ အဲ့ဒါအရင်တုန်းက အခုက ကျနော်Hyungကိုချစ်တယ် ၊ အရမ်းကိုချစ်တာ အာ့ကြောင့်လေ မနက်ဖြန်ကျ လက်ထပ်ရအောင်နော် ၊ ကျနော် ဒယ်ဒီတို့ကိုသွားပြောတော့မယ်နော် Hyung"
"Jong Inသဘောပါ ၊ ဒါနဲ့ Merry Christmasပါ Jong In naa"
"Merry Christmas ပါ Hyung ၊ ချစ်တယ် ၊ ပြွတ်စ်"
ပြောရင်းနှုတ်ခမ်းလေးကိုဖိနမ်းလိုက်တာကြောင့် ရှက်သွားတဲ့ D.Oပုံရိပ်တွေ၊ သူတဖြည်းဖြည်းမှတ်မိလာသည် ၊ သူ့ခေါင်းထဲမှာအဲ့နေ့ညကအဖြစ်အပျက်တွေအကုန်တန်းစီပေါ်လာသည်။ သူကိုယ်တိုင်ပဲ လူကြီးတွေဆီကိုသွားကာ လက်ထပ်ပွဲတစ်ခါထဲစီစဉ်ပေးဖို့ သွားပြောကာအပူကပ်ခဲ့ခြင်းပင်။ အဲ့ဒါကိုသူက သူက D.O Hyung ကိုပြန်ပြီးစွပ်စွဲမိသည်။
"အား မဟုတ်ဘူး ငါ ငါဘာတွေလုပ်ခဲ့တာလဲ "
ခေါင်းတေချာချာလည်နေသလိုခံစားရသည် ။ မျက်ရည်များလည်းစီးကျလာကာ ပါးစပ်ကလည်းတောင်းပန်ပါတယ်ဟုသာအကြိမ်ကြိမ်ပြောနေမိတော့သည်။ 2 ဆိုတဲ့တစ်ခုကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူShockရသွားခဲ့သည်။ Hyungကလွန်ခဲ့တဲ့လတွေမှာ သူ့ကိုညတိုင်းမအိပ်ဘဲစောင့်နေခဲ့တာတွေ ၊ သူပြန်မလာတဲ့ညတိုင်းငိုယိုနေခဲ့တာတွေ ၊ သူ့အင်္ကျီတွေလျှော်ဖို့လုပ်တိုင်း အင်္ကျီတွေကိုကြည့်ကာငိုနေတာတွေ ၊ သူ့အခန်းထဲကိုဝင်ကာ သူ့ဓာတ်ပုံကိုကြည့်ကာတစ်ယောက်ထဲစကားတွေပြောနေခဲ့တာတွေ ၊ ပြီးတော့သူတို့ရန်ဖြစ်ကြတဲ့နေ့က သူထွက်သွားတော့ နောက်မှာမေ့လဲကျနေခဲ့တဲ့ Hyung ၊ ပြီးတော့ ဆေးရုံမှာ ဆယ်ရက်လုံးမေ့နေတဲ့ပုံရိပ်တွေ ၊ အရင်က ဝဝလုံးလုံးလူကောင်လေးက ပိန်လှီကာ ဖြူဖတ်ဖြူရော်နဲ့ နှာခေါင်းပိုက်တွေ ဆေးပိုက်တွေနဲ့မြင်ကွင်းကိုမြင်ရသည်။ ပြီးတော့ ဆေးရုံဆင်းတဲ့နေ့ကသူ့လုပ်ရပ်ကိုသူပြန်မြင်ရပြီး အိပ်ခန်းထဲမှာ အသဲအသန်ငိုခဲ့တဲ့ HYUNGက ရင်ဘတ်ကိုဖိကာ ပစ်လဲကျသွားသည်။ ပြီးတော့ဖုန်းဆက်နေတဲ့မြင်ကွင်းတွေနဲ့ Beak နဲ့ Kris ရောက်လာကာခေါ်သွားတာတွေ
YOU ARE READING
With Christmas ❄️
FanfictionKim Jong In_ ကျနော့်စိတ်တွေက်ိုပြောင်းလဲပြီး အရင်တစ်နှစ်ကိုသာပြန်သွားခဲ့လို့ရရင် ကျနော်တို့ ဒီChristmasမှာအတူတူရှိနေနိုင်မယ်ထင်တယ် Hyung ..... Do Kyung Soo _ မင်းအကြောင်းကိုတွေးမိလိုက်တိုင်း ငါမျက်ရည်ကျနေတုန်းပဲ Jong In na......