Part 2

82 15 1
                                    

Jong Inတစ်ယောက် 11 ထိုးနေပြီမို့ ချိန်းထားတ‌ာနောက်ကျနေ၍ဆိုင်ထဲကိုအပြေးအလွှားဝင်လိုက်တော့ ဆိုင်ထဲကနေထွက်လာတဲ့ လူတစ်ယောက်နဲ့ဝင်တိုက်မိသည် ။ သူမှားတယ်ဆိုပေမဲ့စိတ်ညစ်နေတာကြောင့် ထိုလူကိုတောင်းပန်ရမဲ့အစား အော်လိုက်မိသည်။ စွယ်တာလည်ပင်းပိတ်ပေါ်မှာ နောက်ထပ် V shape စွယ်တာအပွတစ်ထည်ထပ်ဝတ်ထားကာ ဘောင်းဘီအနက်ရောက်နဲ့ လူသေးသေးလေးကတော့ သူ့ကိုခါးကျိုးမတတ် ဦးညွှတ်ကာတောင်းပန်ပြီး သူ့အထုတ်လေးကိုကောက်ကာ ထွက်သွားလေသည်။ သူလည်းဘာလို့မှန်းမသိ နောက်ကျောပြင်ကိုငေးကြည့်နေပြီးမှ ထိုလူသားလေးကိုလှည့်ကြည့်လာတာကြောင့် ချက်ချင်းပြန်လှည့်ကာ ဆိုင်ထဲကိုဝင်ထိုင်ရင်း Chan Yeol ဆီဖုန်းဆက်လိုက်သည်။

"Yeollie မလာသေးဘူးလား ငါရောက်နေပြီ"

"ငါထွက်လာပါပြီကွာ မင်းငါ့အတွက် ကြိုမှာထားလိုက် "

"အေးအေး"

ဖုန်းချပြီးမကြာဘူး စားပွဲခုံပေါ်ကို fileတစ်ခုပစ်ချလာပေးရင်း

"Jong In တို့များ ဖြစ်လိုက်ရင်အသဲအသန်နော် ၊ တကယ်ပဲ ဒိတ်ဒိတ်ကျဲကိုမှ စုံစမ်းခိုင်းရတယ်လို့"

သူဘာမှပြန်ပြောဘဲ ရှေ့က file ကိုယူကြည့်လိုက်တော့ ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်သည်။

ပုံကိုကြည့်လိုက်တော့ မြင်ဖူးသလိုရှိတဲ့ မျက်နှာမျိုး သူလည်း သေချာမကြည့်ဘဲအိပ်ကပ်ထဲထည့်ထားလိုက်ပြီး ဆက်ဖတ်ကြည့်တော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပုံကိုကြည့်လိုက်တော့ မြင်ဖူးသလိုရှိတဲ့ မျက်နှာမျိုး သူလည်း သေချာမကြည့်ဘဲအိပ်ကပ်ထဲထည့်ထားလိုက်ပြီး ဆက်ဖတ်ကြည့်တော့

Name_ Doh Kyung Soo
Age _ 24
Do Groupရဲ့တစ်ဦးတည်းသောသား
Do Group ဆိုတာက ကိုရီးယားနိုင်ငံမှာ ဒုတိယအချမ်းသာဆုံး စားသောက်ကုန်လုပ်ငန်းစု
Hobby _ Cooking & Reading
ကိုရီးယားမှာရှိတဲ့ ROSE နဲ့ rose လက်ခွဲဆိုင်တိုင်းရဲ့ပိုင်ရှင်
ROSE ဆိုတာက Do groupနဲ့ မသက်ဆိုင်တဲ့သူ့ကိုယ်ပိုင်လုပ်ငန်း
............................................
Kim Jong Inတစ်ယောက်စာရွက်ကိုဖတ်ရင်း အထင်ကြီးသွားသည်။ သူ့ထက်နှစ်နှစ်လောက်ပဲကြီးပေမဲ့ ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုကိုပိုင်ဆိုင်သည့်အပြင် ဒုတိယအချမ်းသာဆုံးလုပ်ငန်းစုရဲ့အမွေခံတစ်ဦးတည်းသောသား စားဖိုမှူးတစ်ယောက်တဲ့ ။ဒါကြောင့် Yeollieကပြောတာ ဒိတ်ဒိတ်ကျဲလို့

With Christmas ❄️Where stories live. Discover now