"ဖြောင်း ဖြောင်း ဖြောင်း"
"ခုလိုလက်တွဲခွင့်ရတာ ဂုဏ်ယူပါတယ် သူဌေးDoh"
"ကျနော်လည်းအခုလို လက်တွဲခွင့်ရတာ ဝမ်းမြောက်ပါတယ် CEO Kim"
နှစ်ယောက်သား ပူးပေါင်းစွာချုပ်ချုပ်ပြီးတော့ CEO Kimက မတ်တပ်ရပ်ကာ
"ဒီက နှစ်ဖက် ကုမ္ပဏီဒါရိုက်တာများနဲ့ ရှယ်ယာရှင်များကို ကျနော်နဲ့သူဌေးDohကကြေငြာစရာရှိပါတယ်ခင်ဗျာ "
"ဟုတ်ပါတယ် ဒါကတော့ အခုလာမဲ့ တစ်ပတ် Sunday မှာ ကျနော်တို့ KaDi Hotel ဖွင့်လစ်ပွဲနဲ့အတူ ကျနော့်ရဲ့သား Doh Kyung Soo နဲ့ ဒီက Kim Groupရဲ့သားငယ် Kim Jong In တို့ရဲစေ့စပ်ပွဲကိုပါ တစ်ခါထဲကျင်းပမှာပဲဖြစ်ပါတယ်"
ကြေညာချက်အပြီးမှာတော့ အားလုံးကဝမ်းသာအားရတဲ့လက်ခုပ်တီးကြသည်။ တစ်ချို့တစ်ချို့ကတော့ ရှုံ့မဲ့လျက်။
ROSE ဆိုင်တွင်ဖြစ်သည်။ တစ်နေ့ကို 36ခါလောက်ကော်ဖီလာလာဝယ်နေတဲ့ ရဲအုပ် Pack Chan Yeolဆိုတဲ့လူကို Baek တစ်ယောက် မျက်စောင်းတစ်ထိုးထိုးနဲ့ ကော်ဖီဖျော်ပေးနေခြင်းပင်
"Baek လေးသိပြီးပြီလား ၊ D.O နဲ့ Jong Inတို့ရဲ့စေ့စပ်ပွဲကို ဒီတစ်ပတ် Sundayမှာလုပ်ဖို့ကြေညာလိုက်ပြီ"
"Omm သိတယ် ၊ အဲ့ဒါဘာဖြစ်လဲ"
"ကိုယ်ကပြောပြတာပါကွာ စိတ်ချည်းပဲ"
ဘေးက KrisTao စုံတွဲကတော့ ပြုံးစိစိ ၊ နေ့တိုင်းလာနေတာမို့ ရင်းနှီးနေကြပြီဖြစ်သည်။ ခနကြာတော့ Jong Inလည်းရောက်လာသည်။ သူတို့တွေလည်းလူရှင်းတုန်းအကုန်စုထိုင်နေကြချိန် အခန်းထဲက အော်သံကြီးကြားလိုက်ရသည်။ ပြီးတော့ အခန်းတံခါး ဒုန်းဆိုပွင့်လာပြီး အထဲကနေ Apronဝတ်ထားကာ ချောကလက်တွေပေတူးပြီး လက်မှာလည်း အပူခံလက်အိပ်တွေစွပ်ထားတဲ့ စားဖိူးမှုးဝတ်စုံနဲ့လူထွက်လာသည်။ ပြီးတော့ Beak နဲ့ KrisTaoတို့ကိုကြည့်ကာ
"ငါ ငါ menu အသစ်ရပြီ yayyy....."
ကြားရတော့ အကုန်လုံးအံ့ဩကာ ပြေးဖက်လိုက်ကြပြီး
"တကယ်ပြောတာလား D.O ya.. ,
D.O အတော်ဆုံးပဲ
D.O ညကျ သုံးထပ်သားကျွေးနော် ဟီးး"
![](https://img.wattpad.com/cover/289312940-288-k315626.jpg)
YOU ARE READING
With Christmas ❄️
FanfictionKim Jong In_ ကျနော့်စိတ်တွေက်ိုပြောင်းလဲပြီး အရင်တစ်နှစ်ကိုသာပြန်သွားခဲ့လို့ရရင် ကျနော်တို့ ဒီChristmasမှာအတူတူရှိနေနိုင်မယ်ထင်တယ် Hyung ..... Do Kyung Soo _ မင်းအကြောင်းကိုတွေးမိလိုက်တိုင်း ငါမျက်ရည်ကျနေတုန်းပဲ Jong In na......