Part 14 (final)

101 15 0
                                    

4 years later....

" Sooလေးနဲ့ Inလေးရေ ကျောင်းသွားမယ်လေ ၊ ဟိုမှာကိုကို ChanBeakတောင်လာပြီ"

"ဟုတ် လာပီ ဖေဖေကြီး"

လက်ကလေးတွဲကာပြေးထွက်လာတဲ့ မောင်နှမနှစ်ယောက် ၊ နောက်ကနေ လိုက်လာတဲ့ D.Oကတော့ မနိုင်ဘူးဟုဆိုကာခေါင်းတခါခါနဲ့

"ဟားး ဖိုးဖိုးမြေးလေးတွေကကျောင်းသွားတော့မယ်ပေါ့ လာပါဦးဒီကို"

ဖိုးဖိုး Kimကခေါ်ကာ ပါးတစ်ဖက်စီကိုနမ်းလိုက်တော့ ဖိုးဖိုးရဲ့ပါးကိုလည်းနှစ်ယောက်ပြိုင်တူနမ်းလိုက်ကြသည်။ ပြီးတော့ ChanBeakလေးက

"Sooလေးနဲ့ Inလေး Hyungတို့ကျောင်းသွားရအောင်ဟုဆိုကာ လက်တစ်ဖက်စီကနေခေါ်သွားတာကြောင့် လူကြီးတွေကတော့ အံ့ဩကာကြည့်နေကြသည်။ Kaiကတော့

"Chan Yeolရေ မင်းသားနဲ့အိမ်ကအမွှာတွေနဲ့က 6 လလောက်ပဲကွာတာကို Hyungတဲ့"

"ဟားးဟားး ဟုတ်ပကွာ ကဲ ငါကျောင်းလိုက်ပို့လိုက်ဦးမယ်ဟေ့ "

‌"အေးအေး တာ့တာ သားလေးနဲ့သမီးလေး"

"တာ့တာ ဖေဖေကြီးနဲ့ဖေဖေလေး"

ကလေးတွေနဲ့ Chan Yeolထွက်သွားတော့ D.Oနဲ့ Kaiလည်းတစ်နေရာကိုသွားဖို့ပြင်ကြသည်။

"ဒယ်ဒီ သားတို့သွားပြီနော် "

"အေးအေး ဂရုစိုက်ကြနော်"

"ဟုတ်ကဲ့ဒယ်ဒီ"

ပြောရင်းနှစ်ယောက်သားကားမောင်းထွက်ခဲ့ကြသည်။ နှစ်နာရီလောက်ကားစီးပြီးကြတော့ ကမ်းခြေတစ်ခုကိုရောက်သွားကြသည်။ လက်ကလေးတွဲကာ ကမ်းစပ်မှာလမ်းလျှောက်နေရင်း

"Hyung ဒီနှစ် Christmasကျနော်တို့ တရုတ်ကိုသွားကြမလား "

"အင်းကောင်းတာပေါ့ အကုန်လုံးတိုင်ပင်လိုက်ကြမယ်လေ"

ပြီးတော့ ကမ်းခြေမှာဆော့နေကြတဲ့ကောင်လေးနှစ်ယောက် ၊ အိမ်ထောင်ကျပြီးထဲကအခုမှ လွတ်လွတ်လပ်လပ်ခရီးထွက်ရခြင်းပင်။

"Hyung ကျေးဇူးပါနော် "

ရုတ်တရက်ကြီးပြောလာတဲ့ Jong Inကိုကြည့်ကာ သူဘာကိုဆိုလိုချင်တယ်ဆိုတာသိတာကြောင့် ခေါင်းလေးပဲငြိမ့်ပြလိုက်သည်။ ပြီးတော့ရင်ခွင်ထဲက်ိုတိုးဝင်လိုက်ကာ

With Christmas ❄️Where stories live. Discover now