မနက် 8နာရီထိုးတော့ D.Oတစ်ယောက် ဆိုင်ကိုထွက်လာလိုက်သည်။ ထုံးစံအတိုင်း Baekကတော့ ရောက်နှင့်ကာဆိုင်ကြိုဖွင့်နေပြီးအရင်နေ့တွေနဲ့မတူတာကတော့ ကောင်လေးနှစ်ယောက်ပါ အတူဝိုင်းလုပ်နေခြင်းပင်။သူရောက်တော့အကုန်လုံးတန်းစီက နှုတ်ဆက်ကြသည်။
"ပေါ့ပေါ့ပါးပါးပဲနေကြပါ ၊ ကျနော်က သူဌေးဆိုပေမဲ့ သူငယ်ချင်းလိုပဲပေါ့ပေါ့ပါးပါးဆက်ဆံနိုင်ပါတယ် ၊Tao ကတော့ကျနော့ထက်နဲနဲငယ်ပြီး Kris Hyungကတော့ နှစ်နှစ်လောက်ကြီးတယ် ၊ ညီကိုလိုပဲဆက်ဆံပေးကြပါ "
"ဟုတ်ကဲ့ပါ သူဌေး"
ခေါင်းငြိမ့်ပြလိုက်ပြီး အကုန်လုံးကိုရုံးခန်းထဲလိုက်ခဲ့ဖို့ခေါ်လိုက်သည်။ အခန်းထဲရောက်တော့D.Oက
"ဆိုင်မှာက လူနည်းတယ် တစ်ခြားဝန်ထမ်းတွေရှိပေမဲ့ သူတို့က တစ်ခြားအပိုင်းတွေနဲ့တာဝန်ယူရမှာမို့ ကျနော်နဲ့အနီးကပ်က ဒီက သုံးယောက်ပဲရှိမှာပါ ၊ ကျနော်က စားဖိုမှူးတာဝန်ကိုယူထားပါတယ် ၊ ဒီက Baek ကတော့ မန်နေဂျာပေါ့ ၊ Kris Hyungနဲ့ Taoကတော့ Waiter လုပ်ပေးပေါ့နော် ၊ ပြီးတော့ Hyung တို့က လက်ထပ်ထားတယ်မလား"
"ဟုတ်ပါတယ် သူဌေးလေး"
"သူဌေးလေးတွေဘာတေလုပ်မနေပါနဲ့ D.Oလို့ပဲခေါ်ပါ၊ "
"ဟုတ် D.O ကျနော်တို့ကလက်ထပ်ထားတာပါ "
လက်ထပ်လက်စွပ်လေးတွေထောင်ပြရင်းပြောလာတဲ့သူတို့ကိုကြည့်ရင်း ပြုံးမိသည်။ လောကကြီးမှာအချစ်ဆိုတာတကယ်ရှိတယ်လို့လည်းတွေးမိလိုက်သည်။
"နေဖို့ရော စီစဉ်ပြီးပြီလား"
"ဟင့်အင်းနေဖို့တော့ မစီစဉ်ရသေးဘူး အခုမှကိုရီးယားကိုရောက်တာ တစ်လလောက်ပဲရှိသေးတာဆိုတော့ ဘာမှလည်းမသိသေးဘူး"
"အာ့ဆို ဆိုင်မှာပဲနေလိုက်ပါ အခန်းလွတ်တစ်ခန်းရှိတယ် ၊ တစ်ခန်းဆိုရတယ်မလား ဟီး"
"D.Oကလည်း လင်လင်တွေပါဆိုတစ်ခန်းရတာပေါ့လို့"
Baekကဝင်ပြောတော့ ရှေ့ကစုံတွဲက ရှက်နေကြသည်။
"အာ့ဆိုဆိုင်မှာပဲနေလိုက်တော့ အခန်းအတွက်လစာကပေးစရာမလိုပါဘူး ပီးတော့ လခလည်းအပြည့်ပေးမှာပါနော်"
YOU ARE READING
With Christmas ❄️
FanfictionKim Jong In_ ကျနော့်စိတ်တွေက်ိုပြောင်းလဲပြီး အရင်တစ်နှစ်ကိုသာပြန်သွားခဲ့လို့ရရင် ကျနော်တို့ ဒီChristmasမှာအတူတူရှိနေနိုင်မယ်ထင်တယ် Hyung ..... Do Kyung Soo _ မင်းအကြောင်းကိုတွေးမိလိုက်တိုင်း ငါမျက်ရည်ကျနေတုန်းပဲ Jong In na......