Part 6

61 14 3
                                    

D.Oမေ့နေတာ ဒီနေ့နဲ့ဆိုဆယ်ရက်ရှိပြီဖြစ်သည်။

" ညီလေးတို့ ဒီနေ့Hyungလေးဆိပ်ကို အရေးကြီးကိစ္စသွားစရာရှိလို့ ၊ အဲ့ဒါ ဒီမှာညီလေးတို့ပဲဖြစ်တယ်မလား ၊ Min Seok လည်းရှိနေတာပဲ၊ တစ်ခုခုလိုအပ်ရင် သူ့ကိုပြောလိုက်နော်"

"ရပါတယ်Hyungစိတ်ချသွားပါဗျ"

"အေးအေး ဒါဆိုသွားဦးမယ်နော် နေ့လည်လောက်ဆိုပြန်လာမှာပါ"

Suhoသွားပြီးခဏကြာတော့ Krisနဲ့Taoလည်း ဆိုင်ကိုယူစရာရှိတာတွေပြန်ယူဖို့ ခဏပြန်သွားကြသည်။ Yeollieကလည်း Duty ရှိတာမို့ မနက်ကပင်ပြန်သွားတော့ ဆေးရုံမှာ Baekhyunတစ်ယောက်ပဲကျန်ခဲ့သည်။သူလည်း D.Oအနားသွားကာ လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး

"D.O yaa မြန်မြန်သတိရလာပါတော့ကွာ ၊ အကြာကြီးအိပ်မနေပါနဲ့တော့သူငယ်ချင်းရယ်၊ မင်းမရှိတော့ငါ့မှာ တစ်ယောက်ထဲကွာ ၊ ငါ့ကိုအခုလိုမထားပါနဲ့ကွာ နိုးလာပါတော့ "

ပြောရင်း လက်ကလေးကို နဖူးနဲ့ထိကာ ငိုချလိုက်တော့သည်။ သူငိုနေရင်း ခေါင်းကဆံပေးတွေကိုပွတ်သပ်ပေးနေတဲ့လက်လေးကြောင့်သူမော့ကြည့်တော့

"D, D.O yaaa အီးးးဟီးးး သတိရလာပြီးပေါ့ အူးးဝါးးး ငါမင်းကိုလွမ်းနေတာ သောက်ကောင်ရဲ့"

သူ့ကိုဖက်ရင်းငိုနေတဲ့သူငယ်ချင်းကို ကျောလေးကိုပုတ်ရင်းနှစ်သိမ့်လိုက်တယ်

"Baekငိုတာရပ်တော့ ငါ့က်ိုနှပ်ချေးတွေပေကုန်တော့မယ်"

"Yaa D.Oအစုတ်ပလုတ် ၊ ငါဖုန်းဆက်ဦးမယ်အကုန်လုံးက ဒီနေ့မှ ပြန်သွားကြတာ ၊ Suho Hyungကလေဆိပ်ကိုလူသွားကြိုတာ ၊ Yeollieက နေ့လည်မှလာလိမ့်မယ် အထက်လူကြီးတွေနဲ့တွေ့ရမှာမို့ပြန်သွားတာ ၊ 10 ရက်လုံးဆေးရုံမှာပဲနေနေကြတာ၊ KrisTaoကတော့ မင်းအတွက်ယူစရာရှိတာတွေနဲ့လိုအပ်တာနဲနဲသွားဝယ်ကြတယ် "

သူ့ကိုစကားတွေပြောရင် အခန်းထဲကအချက်ပြခလုတ်ကိုလည်းနှိပ်ထားတာကြောင့် တာဝန်ကျဆရာဝန်နဲ့သူနာပြုလေးတွေရောက်လာပြီး သူ့ကိုစစ်ဆေးပေးကြသည်။ ဆရာဝန်တွေထွက်သွားတော့ Min Seokတစ်ယောက်အပြေးအလွှားရောက်လာသည်။

With Christmas ❄️Where stories live. Discover now