(1)

13.5K 644 116
                                    

နဂါးဝတ်ရုံအနက်ကိုဆင်မြန်းထားသည့်
ယန်စန်းတိုင်းပြည်၏အရှင်မင်းမြတ်ဂျွန်။

အပြုံးအရယ်မရှိဘဲ၊ရက်စက်သည့်
နေရာတွင်ဘုရင်တစ်ဆူဟုနာမည်ကြီးသူ။

အမြတ်တော်ရှပါကသားစဉ်မြေးဆက်
ကွပ်မြတ်စေကာအပြစ်ပေးတတ်သည်။

သစ္စာဖောက်ပါကအရှင်လတ်လတ်
ငရဲဆိုတာဘာလည်းသေချာပြပေး
သည့်သူ။

တခြားဘုရင်တွေနဲ့မတူစွာဝတ်ရုံအမဲ
သာဝတ်ဆင်ပြီးထူးခြားချက်အနေနဲ့
မျက်နှာဖုံးတစ်ဝက်ကိုတပ်ဆင်လေ့
ရှိသည်။

နန်းတွင်းသူ၊နန်းတွင်းသားများ
အပါအဝင်မှူးမတ်များကအစ
ဘုရင်ဂျွန့်မျက်နှာတော်ကိုမမြင်
ဖူးကြပေ။

မျက်နှာဖုံးတပ်လေ့ရှိသည့်ဘုရင်ဂျွန်
ကြောင့်တစ်ချို့ကမျက်နှာထက်မမြင်
အပ်သည့်လက္ခဏာရပ်တစ်ခုကိန်း
အောင်းနေမည်ဟုကောက်ချက်ချ
ချသည်။

သို့သော်လည်းဘုရင်ဂျွန်၏အမြတ်တော်
ရှမှာကိုစိုးရိမ်ကြသမျှဘုရင်ဂျွန်အရှေ့တွင်
မည်သူမျှဘာအသံမှမထွက်ရဲကြပေ။

"မယ်မယ်ကြီးအခစားဝင်ကြောင်းပါ"

"ဝင်ခဲ့ခိုင်းလိုက်!"

ဩဇာညောင်းလှပြီးခပ်ရှရှအသံတစ်ခု
ဟာဘုရင်ဂျွန့်နှုတ်ဖြားမှထွက်လာခဲ့သည်။

ထို့နောက်ဖတ်လက်စအစီရင်ခံစာလိပ်
ကိုခနသိမ်းကာမတ်တပ်ထရပ်သည်။

"သားတော်!"

အသံပေးပြီးဝင်လာသူကဘုရင်ဂျွန်၏
မိထွေးတော်အရှေ့နန်းဆောင်မိဘုရား
ခေါင်ကြီးဟယ်အင်း။

"အရိုအသေပြုပါတယ် မယ်မယ်"

ဘုရင်ဂျွန်လည်းရပ်နေသည့်နေရာကို
ဖယ်ပေးရင်းအရိုအသေပြုလိုက်သည်။

"မနက်ဖန် အမတ်လီတို့ကိတ်စကို
သားတော်စုံစမ်းမယ်လို့မယ်တော်
သတင်းကြားတယ် ဘာအကြောင်း
နဲ့များသားတော်ကစုံစမ်းချင်ရတာလဲ"

ဟယ်အင်းမိဘုရားခေါင်သည်စားပွဲ
ပေါ်ကအစီရင်ခံစာများကိုတစ်ချက်
ကြည့်ရင်းဆိုလေသည်။

King Jeon (Jeon Kingdom)Where stories live. Discover now