(8)

1.8K 272 66
                                    


မနက်၅နာရီဒေါင်ဆိုတာနှင့်
ထယ်ယောင်းတို့မှာ အိပ်ယာထကာ
ရေမိုးချိုးပြင်ဆင်ရသည်။

၆နာရီလူစု‌ရန်
ခေါ်ထားသောကြောင့်ဖြစ်သည်။

သမားတော်လက်ထောက်
ဆိုပေမယ့် ထယ်ယောင်းတို့အနေနဲ့
စာတွေပြန်သင်ဖို့လိုသလို ပြန်လေ့လာဖို့
လည်းလိုသည့်အတွက်အခုလိုအစောကြီး
ထရန်အမိန့်ထုတ်ထားခြင်းပင်။

ထယ်ယောင်းနှင့် အခန်းဖော်အတူ
ကျသည့်ကောင်လေးက အခုမှစခင်သော်ငြား
ထယ်ယောင်းနှင့်အတော်အတန်ကိုရင်းနှီးနေလေပြီ။

ထယ်ယောင်းထက်
၂လကြီးပေမယ့် လူကောင်ကတော့
ထယ်ယောင်းထက်‌သေးကာ ချစ်စရာလေးပင်။

အခုလည်း အိပ်ယာထက်
ပျင်းရိပျင်းတွဲဖြင့် အိပ်ချင်မူးတူးဖြစ်
နေသည့်ကောင်လေးက အခုထိမပြင်ဆင်
ရသေးသလို အိပ်ယာတောင်ကောင်းကောင်း
နိုးသည့်ပုံမပေါ်ပါ။

ထယ်ယောင်း သဘောတကျရယ်ရင်း
ရေစိုလာသည့်လက်ဖြင့်မျက်နှာအား
ကပ်လိုက်တော့ ဝူးဝူးဝါးဝါးအော်ကာ
နိုးလာလေတော့သည်။

"ထယ်ယောင်း! အေးတာကွာ!"

"ထတော့လေ ၆နာရီလူစုခိုင်းထားတာကို
မင်းကအိပ်ကျန်ခဲ့မလို့လား အပြစ်ပေးခံ
နေရမယ်နော် ရေသွားချိုးချည်လန်းသွား
အောင်ရေကသိပ်မအေးဘူး"

"အင်း.. ဝှား မင်းအကောင်းဆုံးပဲ"

သန်းဝေကာယိုင်နဲ့နဲ့နဲ့ ထသွားသည်ကို
ကြည့်ရင်းထယ်ယောင်းရယ်လိုက်ကာ
အိပ်ယာလေးပါသိမ်းပေးလိုက်သည်။

ထို့နောက် ထယ်ယောင်းလည်း
သမားတော်ဝတ်စုံတူကို ဝတ်ဆင်လိုက်
ရင်းဆံပင်ကိုပါထုံးဖွဲ့ကာစည်းလိုက်သည်။

ခေါင်းဆောင်းပါ ဆောင်းရမည်မို့
ဂျွန်လူကြီးပေးသည့်ဆံထိုးလေးထိုး
မရတော့ချေ။

ဆံထိုးလေးကို ကြည့်ပြီး
ဂျွန်လူကြီးကိုလွမ်းလာသည်။

မတွေ့ရတာ နှစ်ရက်တောင်ရှိပြီ။

ဂျွန်လူကြီးကကုန်သည်ဆိုတော့
နယ်တကာများလှည့်နေမလား။

ထယ်ယောင်းကိုများ
မေ့နေပြီလား စသည့်အတွေးတွေက
ဝင်လာတော့ ရင်ထဲနေလို့မကောင်း
တော့ သက်ပျင်းသာချလိုက်ရင်း
ကိုယ်နှင့် မကွာဆောင်ထားချင်
သောကြောင့်အကျီအိတ်ကပ်ထဲ
ထည့်လိုက်တော့သည်။

King Jeon (Jeon Kingdom)Where stories live. Discover now