(10)

1.9K 251 44
                                    

ချစ်အဖြေကြောင့် ပျော်ရွှင်မှုက အတိုင်းအဆမဲ့ မင်းကိုချစ်တာတစ်သက်မကခဲ့

မနေ့က ဂျွန်လူကြီးနှင့်တွေ့ဆုံပြီးကတည်းကထယ်ယောင်းဘာလုပ်လုပ် ဖွင့်ပြောခံရသည်ကိုသာစိတ်ရောက်နေသည်။

ပြီးတော့ အံ့ဩဖို့ကောင်းသည်က ထယ်ယောင်း
လေးစားအားကျရသည့် ဂျွန်ဘုရင်ကဂျွန်လူကြီးဖြစ်နေခဲ့သည်။

မျက်နှာဖုံးဝတ်ဆင်ထားတာတူပေမယ့်၊ အကြည့်တွေက နူးညံ့တာမျိုးတူပေမယ့် ထယ်ယောင်းမရိပ်မိခဲ့တာ ထယ်ယောင်းပဲအလွန်းတာလား၊ ဂျွန်လူကြီးပဲဟန်ဆောင်တော်လွန်းသည်လားမသဲကွဲတော့ချေ။

"ထယ်ယောင်း! ဆေးမြစ်တွေမှားထည့်ကုန်ပြီ!!"

အော်သံကြောင့် လက်ထဲကဆေးမြစ်ပန်းကန်ကိုကြည့်မှ မအပ်စပ်သည့်ဆေးမြစ်တွေကိုရောထောင်းနေသည်ပဲ။

"အာ.. မှားသွားတာ"

ထောင်းဆုံထဲက ဆေးမြစ်တွေကိုဖယ်ပြီး အမှိုက်ခြင်းထဲလွှင့်ပစ်လိုက်ရသည်။

"အတွေးတွေ ဘယ်ရောက်နေတာလဲဟမ်! မနေ့ကပြန်ရောက်လာကတည်းက မင်းမဟုတ်တဲ့အတိုင်းပဲ"

မျက်လုံးကို မှေးကျဉ်းကာအမှုစစ်သလိုစစ်လာသည့်
ဂျီမင်းကြောင့် ထယ်ယောင်းစထွေးမြိုချလိုက်ရင်း..

"ငါက.. ငါကဘာဖြစ်နေလို့လဲ"

"စကားလည်းထစ်နေပြန်ပြီ .. မင်းရည်းစားရှိနေတာမဟုတ်လား အခုမှခင်တယ်ဆိုပြီး ငါ့ကိုလျှိုထားတယ်မဟုတ်လား"

"ဘာကိုရည်းစားရှိရမှာလဲ .. အခုမှဖွင့်ပြောခံရ-"

ထယ်ယောင်းအယောင်ယောင်အမှားမှားနဲ့ ဘူးပေါ်သလိုထုတ်ပြောမိတော့ ဂျီမင်းက မျက်လုံးကိုနှစ်ဆမှေးကျဉ်းကာ'ငါသိပါတယ်'ဆိုတဲ့ပုံစံဖြင့်ကြည့်လေသည်။

"ဖွင့်ပြောခံရတယ်? ဘယ်အိမ်တော်ကလဲ
ဘယ်သူလဲ ... အတော်ချောလား လှလား"

ဘေးက ဇယ်ဆက်သလိုမေးလာသည့် ဂျီမင်းကိုစိတ်ရှိအတိုင်း ဘုရင်ဂျွန်ကဖွင့်ပြောတာဟုပြောလိုက်ချင်သော်လည်း မေ့လဲပြီးဆေးဖော်နေရမည်မို့ ထောင်းလက်စဆေးကိုသာ‌ဆက်ထောင်းနေလိုက်တော့သည်။

King Jeon (Jeon Kingdom)Where stories live. Discover now