>> ညိုးနေတဲ့ပန်းပင်တွေတောင်
ပြန်လန်းဖို့နေရောင်ခြည်ကိုလိုအပ်သေးတာပဲ
လူဖြစ်တဲ့ကိုယ်လည်းနှလုံးသားလေးပြန်
လန်းဖို့ မင်းအချစ်လိုတယ်<<ဒီနေ့ ခါတိုင်းနေ့ထက်
စောစောနိုးနေသည့် ထယ်ယောင်း။အောင်စာရင်းအတွက်
ညကလည်း ရင်အခုန်လွန်ကာ
ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။အောင်မယ်ဆိုပြီး ရာနှုန်းပြည့်
ယုံကြည်နေပေမယ့် ကံတရားက
ရှိသေးတယ်မဟုတ်ပါလား။ဂျွန်လူကြီးကတော့
အောင်မယ်ဟု တထစ်ချ
ပြောသွားသည်။မနက်မိုးလင်းကတည်းက
အတွေးထဲ ရောက်လာသည့်
ဂျွန်လူကြီးကြောင့် ထယ်ယောင်း
လေးထောင့် အပြုံးလေးပေါ်အောင်
ပြုံးလိုက်သည်။ဒီညနေ အောင်စာရင်းအတွက်
ဂုဏ်ပြုပေးဖို့လည်း လာခဲ့မယ်
ပြောသွားတာကြောင့် ထယ်ယောင်း
ရင်ခုန်နှုန်းတွေ သိသိသာသာမြန်ဆန်နေ၏။ဂျွန်လူကြီးက
တကယ်ပဲဘာများလဲ။မတွေးရ မနေနိုင်အောင်
စိတ်အစုံကို ဖမ်းစားနိုင်တာ။"ထယ်ငယ်ရေ!"
အပြင်ဘက်က ကိုကြီးခေါ်သံ
ကြောင့်ဝတ်လက်စ ဝတ်ရုံလေးကို
ပြန်ပြင်ဆင်လိုက်ရင်း ကိုကြီးရှိရာ
အပြင်ဘက်သို့ထွက်လာလိုက်သည်။"ဒီနေ့ အောင်စာရင်းထွက်မှာ
မဟုတ်လား? အတူတူသွားကြည့်
ကြတာပေါ့ ဒီနေ့ဆိုင်လည်းပိတ်ရင်း
ငါတို့ညီအကိုတွေဈေးပတ်ကြမယ်လေ""တကယ်နော်! ကျတော်စားချင်
တာမှန်သမျှဝယ်ကျွေးရမယ်နော်""ဒီကိုကြီးက သူဌေးနီးပါးမဟုတ်
တောင် မင်းဗိုက်တင်းတဲ့အထိဝယ်
ကျွေးနိုင်ပါတယ် လာမနက်စာစား
ကြမယ် မင်းကြိုက်တဲ့ ဆန်မုန့်ပူပူ
လေးကို လက်ဖက်ရည်ပူလေးဖျော်
ထားတယ်"ထယ်ယောင်းလည်း
ကိုကြီးခင်းကျင်း ထားသည့်
မနက်စာဝိုင်းလေးထက်ထိုင်
လိုက်ပြီး ဆန်မုန့်လေးအား
အရင်စားလိုက်သည်။ပူပူလေးနှင့် အိအိမွှေးမွှေးလေး
ဖြစ်သော ဆန်မုန့်လေးက
ထယ်ယောင်း အကြိုက်ဆုံး
အစားစာပင်။
YOU ARE READING
King Jeon (Jeon Kingdom)
Fanfictionကျတော့်ရဲ့မြင့်မြတ်တဲ့အရှင်..! အရှင့်ရဲ့ ကောင်းခြင်း၊ဆိုးခြင်းမှန်သမျှချစ်မြတ်နိုးတာမို့.. ကျတော်ရဲ့တစ်ဘဝစာအရှင့်ခြေရင်းမှာခစားပါရစေသား..။ Cv- Heather_Keyy♥️