(2)

3.2K 408 93
                                    

တောင်းထဲသို့ဆေးမြစ်တွေ
ထည့်နေသောထယ်ယောင်းငယ်။

ဆူနေသည့်ဆေးရည်အိုးကို
လည်းယောင်းမတစ်ခုဖြင့်မွှေ
နေသေးပြန်၏။

ဆံပင်ကဖရိုဖရဲဖြစ်နေသည်မို့
လက်မှာပတ်ထားသောကြိုးကို
ဖြည်ကာဆံပင်ထပ်စည်းနှောင်သည်။

ထို့နောက်ဆေးရည်အိုးကိုမီးဖိုမှ
ချရင်းဘူးအလွတ်ထဲသို့ပြောင်း
ထည့်ကာငှဲလေသည်။

‌ဒီနေ့ထယ်ယောင်းတို့‌အဖေက‌
ယန်စန်းပြည်၏အိမ်နီးချင်း
တိုင်းပြည်ကျိုရွန်းမှာဆေးဖော်
သွားတာမို့ဆိုင်ဖွင့်ရန်ထယ်ယောင်း
တို့ညီအကိုသာသွားရမည်။

"ယောင်းငယ်ရေ ပြီးပြီလား??"

"ပြီးပြီ ကိုကြီးရေ"

အပြင်ကကိုကြီးကိုအသံပြန်ပြု
လိုက်ရင်းအအေးခံထားသည့်ဘူး
ကိုတောင်းထဲပြောင်းထည့်ရင်း
မီးဖိုကိုမီးသတ်ကာအပြင်ထွက်
လာလိုက်သည်။

ထို့နောက်ညီအကိုနှစ်ယောက်ဈေး
သို့လမ်းလျှောက်ကာထွက်ခဲ့
ကြသည်။

...

"ကိုကြီး ဒီနေ့အမတ်ရွမ်အိမ်ကိုကျတော်
သွားပေးရမှာလား"

"အင်း မင်းပဲသွားပေး မဟုတ်ရင်အဲ့
အိမ်တော်ကသခင်မလေးက ငါ့ကိုမြင်
ရင်အသေရရအရှင်ရရဖြစ်နေလို့"

ထယ်ယောင်းအပြောကိုကိုကြီးက
လက်နှစ်ဖက်ကိုကြက်သီးထသဖွယ်
ပွတ်ရင်းပြန်ပြောသည်။

"ကိုကြီးလည်းစွံအောင်အဲ့သခင်မလေး
ကိုယူလိုက်လေ ကိုကြီးတို့လိုက်တယ်
သိလား"

"ဘာာာာ"

ထယ်ယောင်းအပြောကိုဘာခနဲ
အော်လိုက်တာများထယ်ယောင်း
တောင်တုန်ခနဲဖြစ်သွားရသည်။

ထယ်ယောင်းတို့ဆိုင်ရှေ့ကဆိုင်ရှင်
တောင်ဒီဖက်လှည့်ကြည့်လာသည်။

"ငါ့လိုချောမောခန့်ညားတည်ကြည်
တဲ့ကင်မ်ဆော့ဂျင်ကအဲ့ဒီ့ရွက်ကြမ်း
ရေကြိုသခင်မလေးကိုယူစရာလား"

ကိုကြီးပြောမှသခင်မလေးလည်းရ
စရာမရှိတော့ချေ။

ကိုကြီးရဲ့ကွကိုဂုဏ်‌‌ဆာမှုကဒီတစ်
သက်ပျောက်နိုင်ဖွယ်ရာမမြင်ပါ။

King Jeon (Jeon Kingdom)Where stories live. Discover now