ပိတုန်းရောင်နွယ်ဆံသားတို့ဟာ ကျောပြင်ထက်ချထားပြီး စိမ်းမြရောင်ဆံထိုးသည် ဆံနွယ်ထက်နေရာယူထားသည်။မျက်နှာချေ လိမ်းထားသည့်မျက်နှာသည် ပြုံးနေကာ နှုတ်ခမ်းနီဆိုးထားသည့် နှုတ်ခမ်းသည်အပြုံးပန်းများဝေဆာနေတော့သည်။
"မင်းသမီးလေးက အရမ်းလှတာပဲ .. ဒါ့ကြောင့်လည်း ဒီတိုင်းပြည်က သခင်လေးတွေရော တခြားတိုင်းပြည်က မင်းသားတွေကပါ မင်းသမီးလေးကိုလာတင်တောင်းကြတာ"
ဘေးတွင် ရပ်နေသည့် အထိန်းတော်ကြီးကမှန်တင်ခုံရှေ့တွင်ထိုင်ကာ အလှပြင်နေသည့်သူမကိုကြည့်၍ ပြောသည်။
အထိန်းတော်စကားကြောင့် အနည်းငယ်ပြုံးလိုက်ရင်း ..
"ဒါပေမယ့် နှလုံးသားက သူမှသူဖြစ်နေတာခက်တယ်"
အလှပြင်ခြင်းကို လက်စသတ်လိုက်ပြီးနောက်ထိုင်ခုံမှထကာ ပြတင်းပေါက်နားရပ်၍ အချစ်ဦးသူဖြစ်သည့် သူ့ကိုသတိရလွမ်းဆွတ်မိသည်။
သူမသည် ယူနန်တိုင်းပြည်ကမင်းသမီး။သူမ၏အလှကြောင့် တခြားတိုင်းပြည်များသို့ပါ သူမအလှသတင်းသည် ကျောဇောသည်။သူမကို လာတောင်းရမ်းသူများဟာ တစ်ပတ်တွင်အနည်းဆုံး ၁၀ယောက်ခန့်ရှိသော်လည်း သူမသည် သူမ အချစ်ဦးလောက်မည်သူမျှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။
သူမအချစ်ဦးသည် မျက်နှာဖုံးအမြဲတပ်ကာ အရှိန်အဝါရှိသည့် အနက်ရောင်ကိုသာအမြဲဝတ်ဆင်လေ့ရှိသည့် ယန်စန်းတိုင်းပြည်၏အရှင်ဖြစ်သည်။
လွန်ခဲ့တဲ့နှစ်များဆီက သူမ အိမ်နီးချင်းတိုင်းပြည်ဖြစ်သည့် ယန်စန်းပြည်သို့သွားရောက်လည်ပတ်စဉ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍သူမ နှလုံးသားတွင် အရှင်ဟာနေရာယူလာခဲ့သည်။
ချစ်ကြည်ရေးအတွက် သွားရောက်ဆက်သရန် အကြံပေးသည်မှာလည်းသူမကိုယ်တိုင်သာ။
အခုချိန်ထိ ကြင်ယာတော်မရှိသေးသည့် အရှင့်အကြောင်းတွေကို ယန်စန်းပြည်သို့ လွှတ်ထားသည့်လူယုံမှတစ်ဆင့်အမြဲသိရှိခဲ့ရသည်။ထို့ကြောင့်လည်း သူမကိုယ်တိုင် အဆက်သခံရန်အရှက်မရှိစွာ ဖခင်ဖြစ်သူအားပြောခဲ့ခြင်းပင်။
YOU ARE READING
King Jeon (Jeon Kingdom)
Fanfictionကျတော့်ရဲ့မြင့်မြတ်တဲ့အရှင်..! အရှင့်ရဲ့ ကောင်းခြင်း၊ဆိုးခြင်းမှန်သမျှချစ်မြတ်နိုးတာမို့.. ကျတော်ရဲ့တစ်ဘဝစာအရှင့်ခြေရင်းမှာခစားပါရစေသား..။ Cv- Heather_Keyy♥️