(9)

1.8K 255 68
                                    

/ရန်သူတစ်သိန်းနဲ့ ဓားချင်းယှဉ်ခုတ်နိုင်ပေမယ့်
မင်းမုန်းတာခံရမှာတော့ ကြောက်တယ်/

မျက်နှာချေလိမ်းထားသည့် မျက်နှာသည်
ခက်ထန်ကာ နှုတ်ခမ်းနီဆိုးထားသည့်နှုတ်ခမ်း
တစ်စုံသည်ဒေါသ၏ ပုံချမှုကြောင့်ကိုက်ခံခြင်းခံထားရ၏။

တင်းအောင် ဆုပ်ထားသည့်
လက်တစ်စုံသည်လည်း တင်းရင်းနေ၏။

ထိုသူသည်ကား ဟယ်အင်းမယ်မယ်။

"အဲ့တော့ ဘုရင်ဂျွန်ကလက်မခံတဲ့သဘောပေါ့"

ဟယ်အင်းမယ်မယ်၏ စကားကြောင့်
အရှေ့တွင်ထိုင်နေသောအမတ်မှာ ပုတ်သင်ညို
သဖွယ်ခေါင်းတစ်စက်စက်ငြိမ့်ပြသည်။

ထိုအမတ်သည် ဘုရင်ဂျွန်၏အမိန့်ကို
သွားတောင်းရာမှ ငြင်းလွှတ်ခြင်းခံရသောအမတ်ပင်။

"စိတ်မပူပါနဲ့ .. မောင်မင်းတို့လုပ်စရာ
ရှိတာသာလုပ် အာဏာကငါ့လက်ထဲမှာ
ဘုရင်ဂျွန်ကလည်း ငါ့လက်ခုပ်ထဲမှာ‌မို့
မောင်မင်းစိတ်ပူစရာမလိုဘူး"

"ကျေးဇူးတင်ပါတယ် မယ်မယ်"

ထိုအမတ်ထွက်သွားမှ ဟယ်အင်းမယ်မယ်
ဒေါသအားအရှေ့ကရေနွေးကြမ်းခွက်တွေထံ
ပုံချမိတော့သည်။

ဘုရင်နေရာတင်ပေးထားတာက
ဘုရင်လိုနေခိုင်းဖို့ထက် ငါ့သဘော
ငါ့ဆန္ဒအတိုင်းနေခိုင်းဖို့ တင်ထားတာ။

အာဏာဆိုတာက ငါ့လက်ထဲမှာမို့
မင်းက ငါ့လက်ခုပ်ထဲကရေပဲဖြစ်ရမယ်ဂျွန်ဂျောင်ကု!

"အခုချက်ချင်း မင်းကြီးအဆောင်သွားမယ်!"

အပြင်မှ ရှန့်ကုံးအပါအဝင်
ရံရွှေတော်များသည်လည်းဟယ်အင်းမယ်မယ်စကားကြောင့် မင်းကြီးအဆောင်တော်သို့ထွက်ခွာရန်ပြင်ရတော့သည်။

>>>>>>>>>>>>>>>>>>>>>

စိတ်မပါလက်မပါဖြင့်
နေ့လည်စာသုံးဆောင်နေသည့်
ထယ်ယောင်းကိုကြည့်ရင်းဂျီမင်းစိတ်မကောင်း။

မနေ့က မင်းကြီးအဆောင်ကပြန်လာကတည်းက
မျက်နှာကသွေးမရှိသလိုဖြူစုတ်နေပုံထောက်ဒေါသ
ကြီးလွန်းသည့်မင်းကြီးကထယ်ယောင်းကိုဆူလိုက်
ပုံပေါ်သည်။

King Jeon (Jeon Kingdom)Where stories live. Discover now