ညနေ နေဝင်ရီတရော
အချိန်တွင်ဆောင်းရာသီ၏
ချမ်းအေးမှုကြောင့်မိုးမချုပ်
သေးတာတောင်အမှောင်ကျ
တာမြန်နေခဲ့သည်။ဆောင်းရာသီ၏အငွေ့အသက်
ကြောင့်လေတိုက်ရင်တောင်လူ
ကချမ်းအေးသည့်အရသာကို
ခံစားနိုင်သည်။နဂါးနီဝတ်စုံဝတ်ထားသည့်
ဘုရင်ဂျွန်သည်အဆောင်၏
အောက်တွင်မတ်တပ်ရပ်ကာ
ညနေစောင်းအချိန်အားဆွေး
ဆွေးမြေ့မြေ့ကြည့်နေ၏။မျက်နှာဖုံးအောက်က
မျက်ဝန်းတစ်စုံသည်
နာကျင်ဖွယ်ရာအရိပ်
အယောင်များသန်းနေလျက်။အချိန်နှင့်ဒီရေသည်
လူကိုမစောင့်ဆိုသည့်
စကားပုံလိုအချိန်သည်
တစ်ဖြေးဖြေးကုန်ဆုံးလာ
သော်လည်းအရှင်ဂျွန်၏
စိတ်ထဲကဒဏ်ရာသည်
အချိန်နဲ့အမျှအနာရင်း
နေဆဲသာ။အရေပြားပေါ်က
ဒဏ်ရာထက်ရင်ဘတ်ထဲက
ဒဏ်ရာသည်တစ်သက်လုံး
ပျောက်နိုင်မည်မဟုတ်တန်ရာ။မွေးကတည်းက
အမေရင်းဟာဘယ်သူ
ဘယ်ဝါမှန်းမသိခဲ့ရသလို၊
ဖခင်ဖြစ်သူကလည်းအမေ
ဖြစ်သူကြောင့်အမုန်းကြီးမုန်း
ခဲ့ကာနွေးထွေးမှုတစ်စိုးတစ်စိ
မျှမရရှိခဲ့ပေ။ဟယ်အင်းမယ်မယ်လက်ပေါ်မှာ
သာကြီးပြင်းခဲ့ရပြီးဟယ်အင်း
မယ်မယ်၏ရုပ်သေးရုပ်အဖြစ်
ငယ်စဉ်ကတည်းကအခုချိန်ထိ
ဖြစ်နေခဲ့ရသည်။တစ်ခါတစ်လေ
ကိုယ့်ဘဝကိုစိတ်ကုန်ပြီး
စိတ်ကုန်မိပေမယ့်တိုင်းသူ
ပြည်သားတွေ၏အလုံးစုံ
ကိုပုခုံးပေါ်ထမ်းထားရသူ
မို့အားမလျော့ဘဲတင်းခံ
ထားခဲ့သည်။နန်းတွင်းမှာနေရတဲ့ကာလ
ပတ်လုံးစိတ်ချမ်းသာရသည့်
အချိန်ဟာမရှိခဲ့ပေမယ့်တစ်
ခေါက်သာတွေ့ခဲ့ဖူးသည့်လေး
ထောင့်အပြုံးလေးနှင့်ဩရှရှ
အသံလေးနှင့်ဆိုစိတ်ညစ်စရာ
တွေဟာယူပစ်သလိုပျောက်
ကင်းသွားသလိုပင်။ထို့ကြောင့်လည်း
အနားခေါ်ထားရန်
စဉ်းစားဆုံးဖြတ်ခဲ့သည်။သပွတ်အူလို
ရှုပ်ထွေးလှသည့်နန်းတွင်း
ထဲမခေါ်ချင်ပေမယ့်လည်း
ဂျောင်ကုအတွက်စိတ်အပန်း
ဖြေစရာလေးဟာထိုကောင်
လေးဆီမှာသာရှိသည်မို့။
YOU ARE READING
King Jeon (Jeon Kingdom)
Fanfictionကျတော့်ရဲ့မြင့်မြတ်တဲ့အရှင်..! အရှင့်ရဲ့ ကောင်းခြင်း၊ဆိုးခြင်းမှန်သမျှချစ်မြတ်နိုးတာမို့.. ကျတော်ရဲ့တစ်ဘဝစာအရှင့်ခြေရင်းမှာခစားပါရစေသား..။ Cv- Heather_Keyy♥️