Part-7(uni)(Zawgi)🍀

213 6 0
                                    

ည ၇နာရီခန့်တွင်....
ဟန်စိမ်းကသူတို့၃ယောက်ကို

"Physicsနဲ့ chemistry ကိုအရင်လုပ်မယ် ပြီးရင် Mathနဲ့ Bioလုပ်မယ်"

"အင်းကောင်းတယ် ငါစာဖတ်နိုင်မှာ မဟုတ်ဘူး တွက်စာဘဲလုပ်မယ်
နောက်နှစ်ကျမှ လွတ်လွတ်လပ်လပ် ပျော်တော့မယ်ကွာ"
ဟုအောင်မြတ်က ပြောလိုက်သည်...

စားပွဲဝိုင်းချပြီး ၄ယောက်သားစာအတူလုပ်ကြသည်.....

Time;8:15
ဟန်စိမ်း၏ အမေဂျင်းသုပ်၍ သူတို့ဆီပို့လာသည်

"သားတို့ အဆာပြေလေးစားကြ"

အောင်မြတ်က

"အရီးစိမ်း လက်ရာကိုလွမ်းနေတာ မစားရတာကြာပြီ"

"မနက်ဖြန် မုန့်ဟင်းခါးချက်မှာ လာစားကြ"

"အရီးစိမ်း တကယ်လား အရီးစိမ်းရဲ့မုန့်ဟင်းခါးလက်ရာက နံပါတ်၁ဘဲနော် မနက်ဖြန်ဘာမှမစားတော့ဘူး အရီးစိမ်းအိမ်မှာဘဲလာစားမှာ"

"ဟုတ်ပါပြီ ကွယ် သားတို့သူငယ်ချင်းတွေကိုလည်း ဂရုစိုက်လိုက်ဦး သူတို့ကဧည့်သည်တွေဆိုတော့ စိမ်းနေမှာ"
"သား ဘုန်းခန့်နဲ့မင်းခန့် တစိမ်းအိမ်လို့သဘောမထားနဲ့ ဆာတဲ့အချိန်ဝင်စား ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဗျ"

မင်းခန့်နဲ့ဘုန်းခန့် ကပြိုင်တူဖြေလိုက်သည်

ဟန်စိမ်းက

"အမေ ဘုရားက ပြန်ခဲ့ပြီးတော့တာလား"

"ဟုတ်တယ်သား ပန်းဆီမီးကမ်းသွားတာ
ဝေဝေ လေးကတောင်မင်းတို့ကိုမေးသေးတယ်
ဝေဝေက သားတို့သူငယ်ချင်းတွေနဲ့ သိသလား"

"ညနေက တွေ့ပြီးပြီ"

"သြော် အဲဒါကြောင့်မေးတာကိုး
သားတို့စာလုပ်ကြတော့လေ အမေသွားတော့မယ်"

"ဟုတ်ကဲ့"

ဟန်စိမ်း၏အမေထွက်သွားသည်နဲ့

အောင်မြတ်၏လက်က ဂျင်းသုပ်ပန်းကန်ဆီလက်ရောက်သွားသည်

ဂျင်းသုပ်ဟုဆိုသော်လည်း.....
ကြုတ်အတွင်းတွင်
လက်ဖက်နှပ်ပေါ် နှမ်းဖြူထားသည်ကတစ်ကန့် , ဂျင်းသုပ်ထားသည်က တစ်ကန့် ,ကြက်သွန်ဖြူ ငရုတ်သီးတောင့် ပုစွန်ခြောက်ထည့်ထားသည်က တစ်ကန့် ,ပဲကြော်အစုံ ကတစ်ကန့် စားချင်စဖွယ်ဖြစ်သည်....
လက်ဖက်မှာ မခါး လက်ဖက်ချဥ်ဖြစ်၍
စား၍မြိုင်သည်.......

နွေးထွေးမှု (Warmth)Where stories live. Discover now