Part-18(uni)🍀

165 9 0
                                    

ဟန်စိမ်းတို့ ၄ယောက် ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြသည်မှာ ည၁၀ နာရီလောက်ပင်ရှိလာလေပြီ...

"ကဲ...ဒီနေ့ညတော့နားရအောင် အိပ်ချင်နေပြီမနက်ဖြန် ရုပ်ရှင်သွားကြည့်ပြီး လည်ရဦးမှာ
ဒီညတော့ အဝအိပ်ပစ်မယ်ကွ"

အောင်မြတ်က လက်နှစ်ဖက်ကို မြှောက်၍ပြောလိုက်သည်။ဟန်စိမ်းက

"နောက်နေ့တွေက စပြီးအဝ အိပ်ရတော့မှာပါကွာ"

"အဟား...ဟုတ်တယ် တခါထဲကြိုပြောထားမယ် မနက်ဖြန်မနက် ငါ့ကိုလာမနှိုးကြနဲ့ လာနှိုးတဲ့သူကတော့ သေခန်းရှင်ခန်းပြတ်ဘဲ"

"အောင်မြတ်ရာ မင်းကိုဘယ်သူမှ လာမနှိုးဘူး"
"ကျောင်းမှာ မင်းငိုက်နေတုန်းကတောင် ငါတို့နှိုးလို့လား"

"မနှိုးဘဲနဲ့ မင်းကငါအိပ်နေတာကို ကြည့်နေတာလား"

"ငါ...ငါ မကြည့်ဘူး မြင်လည်းမမြင်ဘူး"

မင်းခန့်က သူခိုးလူမိသလို ရှက်ကိုးရှက်ကန်းနဲ့ဖြေလေသည်။

"မင်းကြည့်ပါတယ် "

"ငါမကြည့်ဘူး"

"ကြည့်တယ် "

"မကြည့်ပါဘူးဆို"

"ငါ အိပ်ပျော်နေတဲ့ အချိန်မင်းငါ့ကို စာအုပ်နဲ့တောင်ကာပေးသေးတယ်"

"မင်း အိပ်နေရဲ့သားနဲ့ ဘယ်လိုသိတာလဲ"

"အဟား...ဟုတ်နေတာဘဲကို ငါရမ်းပြောကြည့်တာ"

".............."

"မင်း အိပ်နေတာကို ဆရာမြင်မှာကြောင့် ပြီးရင် မင်းအိပ်ငိုက်တာ တစ်တန်းလုံးသိနေတာဘဲ"

"ကြည့်ရင် ကြည့်တယ်ပေါ့ အလကား
လျှောက်ရွှီးနေတယ်"

"ကြည့်တယ်ကွာ....ကြည့်တယ် .. ရပြီလား ကျေနပ်ပြီလား"

"ဟွန်း..!"

အောင်မြတ်က နှုတ်ခမ်းဆူ၍ မဲ့လိုက်ပြီး ဟန်စိမ်းဘက်လှည့်ကာ

"ဟန်စိမ်း ဒီညမင်းနဲ့အိပ်မှာ"

ဟန်စိမ်း မျက်လုံးပြူးသွားပြီး ဘုန်းခန့်ဘက်လှည့်ကြည်လိုက်သည်။
ဘုန်းခန့်က

နွေးထွေးမှု (Warmth)Where stories live. Discover now