Part-27(zawgi)🍀

54 3 0
                                    

ရဝေ တုန်ရီနေသော မျက်လုံးဝိုင်းတွေနဲ့ကြည့်နေသည့် ဟန်စိမ်းဆီကို လျှောက်လာပြီး လက်ချောင်းလေးတွေကို အသာအယာဆွဲယူလိုက်သည်။

"ကိုကို!!"

ရဝေ ခေါ်သံကြောင့် အခန်းအတွင်း တိတ်ဆိတ်နေသော လူတွေဆီမှ ကြောင်စီစီအသံတို့ထွက်ကျလာသည်။

ဉီးဝေလက စကားစ၍မျက်နှာလိုမျက်နှာရ ဖြင့်လောကွတ်ချော်လေသည်....

"သူဌေးလေး!"
"သူဌေးလေး သူ့နားမကပ်နဲ့ သူကအရူး တော်ကြာစိတ်ဖောက်ပြန်နေလို့ သူဌေးလေးကို ဒုက္ခပေးနေမယ်"

ဉီးဝေလ​၏အပြောစကားကြောင့် ရဝေ ၏စူးရှလွန်းသည့်အကြည့်က ဉီးဝေလထံရောက်ရှိလာသည်။ထိုအကြည့်ထဲတွင် တစ်စုံတစ်ယောက်ကို မီးမြှိုက်ပြာချချင်လှအောင် ဒေါသရိပ်တို့ စွန်းထင်နေသည်။ရဝေ နှုတ်ခမ်းပါးကိုတစ်ချက်ကွေးပြီး ဉီးဝေလကို ပြုံးပြလိုက်သည်။
ထိုအပြုံးက တစ်စုံတစ်ယောက် ကြမ္မာဆိုးဝင်တော့မည့် အရိပ်အယောင်ကိုပြနေသည်။

"အရူး!အင်းးး အရူးတဲ့လား အဟင်း!ခင်များ သူ့ကိုအရူးလို့ပြောတာ ကျုပ်ကိုပြောတာနဲ့အတူတူဘဲ"

"ဟာ..မဟုတ်ဘူး သူဌေးလေး၊သူဌေးလေးကို ပြောတာမဟုတ်ပါဘူး သူဌေးလေးဒုက္ခရောက်မှာစိုးလို့ ပြောတာပါ"

ဉီးဝေလက ရဝေနားတိုးကပ်သွားပြီး ပြာပြာသလဲရှင်းပြသည်။

ရဝေက လက်ကိုကာပြလိုက်ပြီး

"ခင်များ နောက်ဆုတ်လိုက်ဉီး ကျွန်တော်တို့နားမကပ်နဲ့ ကျွန်တော့်ကိုကို စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်"

"သူဌေးလေးနဲ့ အဲအရူးကဘာတော်တာလဲ"

ဉီးဝေလ အမေးစကားကြောင့် ဟန်စိမ်း၏လက်တို့ ပိုမိုအေးစက်လာပြီး ရဝေကိုပို၍ဆုပ်ကိုင်ထားမိသည်။
ရဝေက ဟန်စိမ်းကို သူ၏ခါးစပ်သို့ ခေါင်းကိုမှီထားစေပြီး လက်တစ်ဖက်ကလည်း ဟန်စိမ်း၏ နားရွက်တွေကို အုပ်ထားလိုက်သည်။

"တောက်! ခင်များ အပြောတွေကိုပြင်လိုက်စမ်းခင်များ ကျုပ်တို့ပတ်သက်မှုကိုမေးရအောင် ခင်များအဆင့်ဘယ်လောက်ရှိလို့လဲ ခင်များကို အသာပေးထားတယ်ဆိုပြီး ရောင့်တက်မလာနဲ့ "

နွေးထွေးမှု (Warmth)Where stories live. Discover now