ဟန်စိမ်း ရဝေ ၏ အဖြူရောင် အနောက်တိုင်းဆန်ဆန် မင်္ဂလာဝတ်စုံကို သပ်သပ်ရပ်ရပ် ပြင်ပေးလိုက်သည်။
"မောင်က အဖြူရောင်လေးနဲ့ အရမ်းလိုက်ဖက်တာဘဲ"
"မောင်က အဖြူရောင်ထက် ကိုကိုနဲ့ပိုလိုက်ဖက်တယ်"
ဟန်စိမ်း ပြုံးလိုက်ပြီး..
"မောင်..ကိုကို အရမ်းပျော်တယ်"
ရဝေ ဟန်စိမ်းကို ရင်ခွင်ထဲဆွဲသွင်း၍ ဖက်ထားလိုက်ပြီး...
"မောင် သိတာပေါ့...မောင်လည်း ကိုကိုနဲ့ထပ်တူပျော်နေတယ်လေ..ဒီအချိန်လေးရောက်လာဖို့ မောင်တို့အများကြီးကျော်ဖြတ်ခဲ့ကြပြီးပြီ အခုက ပျော်ရမယ့်အချိန်ပေါ့..မောင်ကတော့ ကိုကို့ကို လက်ထပ်ခွင့်ရတာ မောင့်ဘဝရဲ့အစားထိုးမရတဲ့ ပျော်ရွှင်မှုလေးဘဲ..."
"ကိုကိုလည်း အတူတူဘဲ"
"............."
"ဒေါက်..ဒေါက်"
တံခါးခေါက်သံနဲ့အတူ အောင်မြတ်နဲ့ မင်းခန့်အခန်းထဲသို့ ဝင်လာကြပြီး အောင်မြတ်က...
"မင်းတို့ကလည်း မပြီးနိုင်မစီးနိုင် ဇာတ်ထုတ်တွေ ခင်းနေကြပြန်ပြီလား..လက်ထပ်မှာက မင်းတို့နှစ်ယောက်ပါကွ....အချိန်နီးနေပြီ သွားရအောင်"
မင်းခန့်က ဟန်စိမ်းနားတိုးတိုးကပ်ပြီး အောင်မြတ်မကြားအောင် ပြောလိုက်သည်။
"ဟျောင့်!ပန်းစည်းကို Babyဆီရောက်အောင် ပစ်နော်"
"အေးပါကွ!ငါသိပါတယ်"
------------------
အဖြူရောင်တွေ ခြယ်လှယ်ထားသည့် ခန်းမကြီးထဲသို့ သူတို့နှစ်ယောက် လက်ချင်းတွဲ၍ လျောက်လှမ်းလာကြသည်။သူတို့၏ မျက်နှာထက်က အပြုံးတွေက မြင်ရသူအဖို့ ကြည်နူးဖို့ကောင်းလှသည်။ကတိ သစ္စာ တွေ ဖလှယ်ကြပြီး အများရှေ့တွင် တစ်ယောက်အပိုင် တစ်ယောက် သတ်မှတ်ကြသည်။
ဒီနေ့က စပြီး သူတို့နှစ်ယောက်၏ ကိုယ်ပိုင်ကမ္ဘာလေးကို တည်ဆောက်ရတော့မည်။သူတို့ကမ္ဘာလေး နွေးထွေးဖို့နဲ့ ပျော်ရွှင်ဖို့ကို သူတို့ကိုယ်တိုင် ဖန်တီးရမည်သာ.......သူတို့နှစ်ယောက် ၏ ကမ္ဘာလေးတွင် တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း နားလည််မှုရှိစွာဖြင့် သူတို့နှစ်ယောက်၏ ကမ္ဘာလေး တည်ငြိမ်စေရမည်။
-----------------
"အား....ပင်ပန်းလိုက်တာ"
YOU ARE READING
နွေးထွေးမှု (Warmth)
Lãng mạnတခါတလေ ဘဝမှာ မထင်မှတ်ထားတဲ့တွေ့ဆုံခြင်းတွေက ကံကြမ္မာရဲ့ လှည့်စားမှုပြယုဂ်တစ်ခုလား .... ဘယ်အချိန်တိုးဝင်လာမှန်းမသိတဲ့ အရောင်ပြောင်း သံယောဇဥ်ကြိုးမျှင်တွေက လူသားနှစ်ယောက်ကို ရစ်ပတ်နှောင်ဖွဲ့ထားလိုက်တဲ့အခါ... အချိုစားချင်ရင်တော့ ဖတ်ကြည့်ပါ.. ...