Part-28(zawgi)🍀

49 3 0
                                    

ဟန်စိမ်း အိပ်ယာနိုးလာသည်နဲ့ ဘေးနားက လူကို လက်ဖြင့် ဝှေ့ယမ်းရှာလိုက်သည်။
ဘေးနားက လူကိုတော့မတွေ့  လေထုကိုသာဝှေ့ယမ်းမိသည့်အတွက် ငေါက်ခနဲထထိုင်လိုက်ပြီး အော်ခေါ်လိုက်သည်။

"မောင်!မောင် "

ရဝေ ဝရံတာမှာ ဖုန်းပြောနေရာမှဟန်စိမ်းဆီသို့ ပြေးလာပြီး

"ကိုကို ဘာဖြစ်လို့လဲ မောင် ဖုန်း​လာလို့
ကိုကို အနှောင့်အယှက်ဖြစ်မှာကြောင့် အပြင်ထွက်ပြောနေတာ"

ဟန်စိမ်း ခေါင်းကိုခါယမ်းလိုက်ပြီး

"ဘာမှမဖြစ်ပါဘူး မောင်ဘယ်ပျောက်သွားပြီလဲလို့"

ရဝေ ဟန်စိမ်း နှဖူးကို တစ်ချက်နမ်းလိုက်ပြီး ဟန်စိမ်းကို ရင်ခွင်ထဲထည့်ကာ

"ကိုကို အိပ်ချင်သေးလား မောင်ပြောစရာရှိလို့"

"မအိပ်ချင်တော့ဘူး ပြောလေ"

"နောက်တစ်ပတ် မောင် ရုံးချုပ်ကို ပြန်စရာရှိတယ် ကိုကို ရောလိုက်ခဲ့"

"ကို့မှာ လုပ်စရာတွေရှိအများကြီးရှိသေးတယ် လိုက်လို့မရလောက်ဘူး ဘယ်လိုလုပ်ရမလဲ"

ဟန်စိမ်းရင်ခွင်ထဲမှ ခေါင်းမော့၍ ရဝေကို လှမ်းမေးလိုက်သည်။

ရဝေက 

"ကိုကို စိတ်မပူနဲ့ မောင်စဉ်းစားထားတာရှိတယ် ကိုကို ကသာ မောင်နဲ့လိုက်ဖို့ပြင်ဆင်ပေးထားနော်
မောင်နဲ့ လိုက်ခဲ့မှာမလား မောင်ကတော့ ကိုကို့ကိုမထားခဲ့နိုင်ဘူးနော် ကိုကို မလိုက်ချင်လို့မရဘူး"

"ကို့အလုပ်တွေရှိသေးတယ်လေ မောင်ရဲ့"

"အင်းပါ ကိုကို့အလုပ်ကအရေးကြီးမှန်း မောင်သိပါတယ် အဲဒါကြောင့် မောင်စီစဉ်ထားတာရှိတယ် ကိုကို့ ကိုခွင့်ပြုပေးစေချင်တယ်"

"​အင်း!ပြောလေ"

"ကိုကိုတို့ ကုမ္မဏီနဲ့မောင်တို့ကုမ္မဏီ လက်တွဲထားတယ် ဆိုတာ ကိုကို နဲ့ရင်းနှီးလို့ အလွယ်တကူလက်တွဲခဲ့တာမဟုတ်မှန်း ကိုကိုလည်းသိမှာပါ..
ကိုတို့ လုပ်ငန်းက မောင်တို့လုပ်ငန်းရဲ့တစ်စိတ်တစ်ဒေသမှာပါဝင်တယ်ဆိုတော့ ကိုကိုတို့လုပ်ငန်းအကြောင်းကို မောင်နားလည်တယ် မောင်နားလည်သလိုဘဲ မင်းခန့်လည်း ကိုကိုတို့ကုမ္မဏီအကြောင်းကိုနားလည်တယ်.......
အဲလိုဆိုတော့လေ မင်းခန့်ကို ကိုကို တို့ကုမ္မဏီမှာ အောင်မြတ်နဲ့တွဲဖက်လုပ်ခိုင်းလိုက်မယ် အောင်မြတ်နဲမင်းခန့်နှစ်ယောက်ဆို ကုမ္ပဏီကို
ကောင်းကောင်းမွန်မွန်ဉီးစီးနိုင်မှာပါ"

နွေးထွေးမှု (Warmth)Where stories live. Discover now