Part-34(uni)🍀

206 9 0
                                    

At Bangkok....

"မောင်ရယ် စိုးရိမ်လိုက်တာ"

"အဆင်ပြေသွားမှာပါ ကိုကိုစိတ်ကိုလျှော့ထားနော်"

ဟန်စိမ်း ရဝေ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ၍ အင်္ဂုလိမာလသုတ် ကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်.......ဒီနေ့က သူတို့ရဲ့ မိသားစုဝင်အသစ်လေးတွေ တိုးပွားလာမည့်နေ့....
အယ်လ်ထရာဆောင်း ရိုက်ထဲက အမွှာလေးတွေဖြစ်နေ၍ ပိုလို့စိုးရိမ်နေရသည်။အခန့်မသင့်ရင် ဒုက္ခရောက်သွားနိုင်သည်လေ.....မွေးတာက ရက်ချိန်းထက် ၁ပတ်လောက်က စောသေးသည်။
အချိန် တော်တော်ကြာပြီးသည်နဲ့ ခွဲစိတ်ဆရာဝန်က အပြင်ထွက်လာသည်။

"ဒေါက်တာ!ဒေါက်တာ ကျွန်တော်တို့ ကလေးတွေ အဆင်ပြေရဲ့လား!"

"ကလေးတွေ အဆင်ပြေပါတယ် ဒါပေမဲ့ လောလောဆယ်တော့ဓာတ်ခွဲ ခန်းထဲမှာထားရဦးမယ် ကလေးနှစ်ယောက်က ပေါင်ချိန် သိပ်မပြည့်တော့ အတော်ဂရုစိုက်ရမယ်"

ဆရာဝန်ကြီးက ထိုမျှသာပြောပြီး ထွက်သွားသည်....ခဏကြာသော် ကလေးနှစ်ယောက်ကို လည်းဓာတ်ခွဲခန်း ထဲသို့ ခေါ်သွားလေသည်.....ဟန်စိမ်းတို့ အပြင်ဘက်မှန်ပေါ်ကနေ အထဲမှ ကလေး နီတာရဲသေးသေးလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်......ကလေးလေးတွေက ချစ်စရာကောင်းလိုက်တာ..... ဟန်စိမ်းနဲ့ရဝေ ၏စိတ်ထဲ တသိမ့်သိမ့်နဲ့ နွေးထွေးတဲ့ ခံစားချက်ကို ရရှိနေသည်။

"မောင်!ကြည့်စမ်း.... ကိုကို တို့ကလေးလေးတွေကို...."

"မောင် မြင်တယ်!မောင်မြင်တာပေါ့ ကိိုကိုရယ်"

ရဝေ ၏အသံတို့ တုန်လှုပ်နေပြီး မျက်ရည်တွေကျနေသည်။ဟန်စိမ်းက ရဝေ့ကို ဖက်လိုက်ပြီး ကျောလေးကို ပွတ်၍.....

"မောင်ရယ် ဘာလို့ ငိုနေတာလဲ....ငိုရမယ့်အချိန် မဟုတ်ဘူးလေ"

"မောင်...မောင် ဝမ်းသာလို့ပါ.....မောင် အမြဲတမ်း စိတ်ကူးယဥ်ခဲ့တဲ့ နေ့လေးတွေ တကယ်ရောက်လာပြီ...မောင်တို့ ဒီကလေးလေးနှစ်ယောက်ကို အကောင်းဆုံးပျိုးထောင်ကြမယ်နော်"

"ဒါပေါ့ မောင်ရဲ့...ကိုကိုတို့ ကလေးလေးတွေက ဒီကမ္ဘာမှာ ကံအကောင်းဆုံးကလေးတွေ ဖြစ်စေရမယ်....သူတို့လေးတွေကို အချစ်တွေ နွေးထွေးမှုတွေ နဲ့ ကြီးပြင်းလာစေရမယ်"

နွေးထွေးမှု (Warmth)Where stories live. Discover now