#Unicode
"Hello. .."
Lisa သူမ အမေ ကို ကူညီပေးရင်း ဖုန်းလာလို့ Apron ကို ချွတ်ကာ ဖုန်းကိုင်လိုက်သည်
"Hello ကျွန်မက Jennieရဲ့ သူငယ်ချင်း Park Chaeyoungပါ...မနေ့က Jennieက ကျွန်မဆီ ဒီဖုန်းနဲ့ခေါ်ခဲ့လို့လေ ဒါကြောင့်မို့ ကျွန်မ ပြန်ခေါ်ကြည့်တာ အခု ဒီကတစ်ယောက်နဲ့အတူ သူ ရှိနေလားဟင် "
Chaeyoungရဲ့ စကားကြောင့် Lisa မှာ သူမအမေမသိအောင် ဟင်းချက်နေရာက ထွက်လာပြီး အခန်းထဲဝင်သွားသည်
"သူ အခုထိ ပြန်မရောက်သေးဘူးလားဟင် "
"ဟုတ် မရောက်သေးဘူး မနေ့က ကျွန်မ ဆေးရုံကို ရောက်သွားတော့ သူမရှိတော့ဘူး ဆေးရုံက သူနာပြုက တစ်ယောက်ယောက်က သူ့ကို ခေါ်သွားတာမြင်တယ်လို့ ပြောလို့လေ ဒါကြောင့်မို့ သူက ဒီကတစ်ယောက်နဲ့ရှိနေမလား သိချင်လို့ ဖုန်းဆက်ကြည့်တာပါ "
"အာ မင်းကို ဘယ်လိုပြောရမလည်းမသိဘူး....မနေ့ညက သူထွက်ပြေးသွားတယ်...ကျွန်တော် အနားတဝိုက်လိုက်ရှာကြည့်တော့ မတွေ့ရလို့လေ အိမ်ပြန်သွားပြီထင်နေခဲ့တာ "
"ရှင် သူက ထွက်ပြေးသွားတယ် ဟုတ်လား ဘာလို့လည်း "
Lisaရဲ့ စကားကြောင့် Chaeyoung အံ့သြပြီး မေးလိုက်သည်
"Park Chaeyoung shii အခု ဘယ်မှာလည်းဟင် ကျွန်တော်တို့ သူ့ကိုအတူတူရှာကြရအောင်လား "
Lisa အနွေးထည်ကောက်ဝတ်ရင်းမေးလိုက်သည်
"ဟုတ် အခု ကျွန်မ ဆေးရုံနားက ရဲစခန်းမှာ လူပျောက်တိုင်ရင်ကောင်းမလား တွေးနေတာ "
Chaeyoung ရဲစခန်းကို ကြည့်ရင်း Lisa မေးတာကို ဖြေလိုက်သည် ရဲစခန်းထဲ ဝင်ရမလားမဝင်ရမလား Chaeyoung တွေဝေနေတယ်လေ
"ဒါဆို ကျွန်တော်လာခဲ့မယ် အဲ့ဒီမှာစောင့်နေနော် "
"ဟုတ် "
Lisaလည်း ဖုန်းချပြီး ကားသော့ကိုကောက်ယူကာ အခန်းထဲကထွက်လာသည်
"အမေ .....ကိစ္စလေးရှိလို့ အပြင်ခဏသွားအုံးမယ်နော် "
Lisa သူမအမေ ကို အသိပေးပြီး ရဲစခန်းသို့ ထွက်လာခဲ့သည်
