#unicode
ဘောင်းဘီအိတ်ထဲသို့
လက်နှစ်ဖက်ထည့်ပြီး ပြတင်းပေါက်ပေါ်က မိုးရေစက်တွေကို Jangsuk ရပ်ကြည့်နေမိသည်Mrs. Kimရဲ့ နာရေးခန်းမထဲတွင် Jangsuk တစ်ယောက်တည်းသာ ရပ်နေမိသည်
Jennieကို ရှာမတွေ့သေးသောကြောင့် Jangsuk အခုထိ တစ်ရေးမှ မအိပ်နိုင်သေးပေ
"ဆရာ. ...."
သူ့တပည့်တစ်ယောက်ရဲ့အသံကြောင့် Jennie သတင်း တစ်ခုခုထူးခြားပြီး ထင်လို့ Jangsuk မျှော်လင့်ချက်နဲ့ မေးလိုက်သည်
"တစ်ခုခုထူးခြားပြီလား...."
"မထူးခြားသေးပါဘူး ဆရာ ..... ဒါပေမယ့် မီဒီယာတွေက Jennie Kimကိုဘဲ ဆက်တိုက် တိုက်ခိုက်မေးခွန်းထုတ်နေကြပါတယ် "
Jangsuk သူ့တပည့်ရဲ့ ဖုန်းကို ယူပြီး သတင်းဖတ်လိုက်သည်
သူမ အမေရဲ့ နာရေးခန်းမမှာ ရှိမနေတဲ့ Jennie Kim. ...သူမ Entertainment က CEOကတော့ အလုပ်ပင်ပန်းမှုကြောင့် အနားယူနေတယ် ပြောပေမယ့် အမေတစ်ယောက်ရဲ့ နာရေးကိုတောင် မလာနိုင်တာ ဘာကြောင့်များလည်းလို့ မေးခွန်းတွေ ထုတ်နေကြပါပြီ
"Negative comment တွေရှိလား..."
"ဟုတ်....အဖေနဲ့အမေရဲ့ ဆက်ဆံရေးကြောင့် အမေ့နာရေးမလာတာလားဆိုတဲ့ comment တစ်ချို့တော့ ရှိပါတယ်..."
"အဲ့ commentတွေရော ဒီ Articleကိုပါ ဖျက်ချပစ် တစ်ခုမှ ငါမမြင်ချင်ဘူး "
"ဟုတ်ကဲ့ ဆရာ "
Jennie သတိရလာတော့ သူမ ချုပ်နှောင်ခံခဲ့ရတဲ့ အခန်းထဲ ပြန်ရောက်နေမှန်း သိလိုက်ရသည်
"သတိရလာပြီလား...."
ရင်းနှီးနေတဲ့ အသံပိုင်ရှင်ကြောင့် Jennie မျက်လုံးကို ပြန်ပိတ်လိုက်သည်
"သတိရလာမှန်းသိတယ် သရုပ်ဆောင်မနေနဲ့ ထတော့ "
"ငါ့ကို သေစေချင်နေတာ မဟုတ်လား ဘာလို့ ရေထဲက ကယ်ခဲ့တာလည်း "
"ဒီနားတဝိုက် မကျွတ်မလွတ်တဲ့ အစိမ်းသေ သရဲရှိလာမှာဆိုးလို့ "
"အဲ့တာက တကယ့်အကြောင်းပြချက်လား....."
Jennie ကမေးတော့ Jisoo ပခုံးတွန့်ပြသည်
