Part 11

524 87 4
                                    

#zawgyi

"Chaeyoung ဘယ်မှာလည်း....."

ကားပါကင်တွင် ကားရှေ့ ရပ်ပြီး သူမကို ပြုံးကြည့်နေတဲ့ Jisooကို Jennie မေးလိုက်သည်

"ကားပေါ်တက်...."

"ငါမေးနေတယ် Chaeyoung ဘယ်မှာလည်း ...
."

ကားပေါ်တက်ဖို့ ငြင်းဆန်နေတဲ့ Jennieကို Jisoo စိတ်မရှည်တော့ပေ

Jennie လက်မောင်းကို Jisoo ဆောင့်ဆွဲတော့ Jennie မှာ ရုန်းလိုက်သည်

"လွှတ်နော်...CCTV တွေ ရှိနေတာ နင်မကြောက်ဘူးလား "

"CCTV?  ဒီနေရာမှာ ဘာCCTVမှ မရှိပါဘူး Jennie Kim. ..ငါက ဥပဒေရေးရာကိုလေ့လာနေသူပါ ဒီလောက်တော့ သိပါတယ်...CCTV မရှိတဲ့နေရာမှာ တမင်ကားရပ်ထားတာ ဟားဟားဟား "

"ငါ့ကို လွှတ်နော် မဟုတ်ရင် နင့်ကို ပြန်ပေးဆွဲမှုနဲ့ တရားစွဲပစ်မယ်....ငါ ပြောတာကြားရဲ့လား... "

"တရားစွဲပစ်မယ် ဟုတ်လား.... လုပ်နိုင်မလား ကြည့်ရအောင်... "

Jisoo ပြောပြီး သူမလက်ထဲက ဖုန်းနဲ့ Jennieရဲ့ နဖူးကိုထုလိုက်သည်

ထို့နောက် သတိမေ့ လဲကျသွားတဲ့ Jennieကို ကြည့်ပြီး Jisoo Psychopath တစ်ယောက်လို သဘောကျစွာရယ်လိုက်သည်

"ဘာ....Jennie Kim ပျောက်သွားတယ် ဟုတ်လား "

Jangsukတစ်ယောက် နာရေးခန်းမကနေ သူ့လူတွေဖုန်းဆက်သောကြောင့် ထွက်လာခဲ့သည်

"မင်းတို့ကို သေချာဂရုစိုက်ကြည့်ဖို့ ငါ မမှာထားဘူးလား "

"ကားပါကင်ဘက်ကို သွားတော့ Chaeyoung လာခေါ်တယ်ထင်ပြီး ကျွန်တော်... "

"ခွေးမသား စောက်ဆံယူပြီး စောက်အလုပ်ကို သေချာမလုပ်ဘူး.....မင်း အဲ့ဒီမှာစောင့်နေ ငါလာမယ်...."

Jennie ပျောက်သွားကြောင်း သိရတော့ Jangsuk ခေါင်းထဲထူပူသွားတယ်

CCTV ကို ကြည့်ဖို့အတွက် JTBCကို Jangsuk သွားလိုက်သည်

လုံခြုံရေး ရုံးခန်းတွင် Jangsuk တစ်ယောက် CCTV တွေကို သေချာကြည့်နေသည်....

မြေအောက်ကားပါကင်ထဲ ဝင်လာတဲ့ Jisooရဲ့ ကားကိုတွေ့တော့....Jennieကို Jisoo ခေါ်သွားတာဖြစ်မယ်လို့ Jangsuk တွေးလိုက်မိသည်

Accident Onde histórias criam vida. Descubra agora