#Unicode
"Chae. ..Chaeyoung yah နင်...လျိုဝှက်ထားတယ်ဆိုတာ ဘာလည်း..... "
"ငါပြောပြမယ် Jen နင် စိတ်အေးအေးထားပြီး နားထောင်....."
Jennieရဲ့ လက်ကို ကိုင်လိုက်ပြီး Chaeyoung ပြောလိုက်သည်
"တကယ်တော့ နင် ကားမတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ တရားခံက Jangsukဘဲ.... "
"ဘာ...."
"အဲ့နေ့က နင် CF စာချုပ်အကြောင်း Jangsukနဲ့ ဆွေးနွေးဖို့ ငါက companyမှာ ရှိနေခဲ့တာ....ဆွေးနွေးပြီးနောက် ငါ သွားပြီ အထင်နဲ့ Jangsukက သူ့တပည့်တွေကို ဖုန်းဆက်ခဲ့တာ နင့်ကို ဆေးထိုးပြီး သူ့ဆီခေါ်လာဖို့....ငါ ဘယ်လိုသိလည်းဆိုတော့ ငါ့ရဲ့ ဘောပင်က သူ့ရုံးခန်းထဲ ကျန်နေခဲ့တာ သတိရပြီး ပြန်သွားယူချိန် သူဖုန်းပြောတာကို ငါကြားခဲ့တာ "
"သူက ဘာလို့ ငါ့ကို ဆေးထိုးရတာလည်း "
"နင်နဲ့အမြန် လက်ထပ်ချင်လို့ အကြံအဖန်လုပ်ဖို့ ကြိုးစားနေတာ..... နင့် အမေကို သူနဲ့ နင့်ကို အမြန်စေ့စပ်ပေးဖို့ နားပူနားဆာလုပ်လို့မရတာနဲ့ ဆေးခတ် သတ်ပစ်တာလည်း သူဘဲ "
"ဘာ....နင့် နင့်မှာ သက်သေရှိလား "
Chaeyoungရဲ့ စကားကြောင့် Jennie လန့်သွားတယ်
"ဒီမှာ...."
Chaeyoung သူမ ဘောင်းဘီအိတ်ထဲက ဘောပင်ကိုထုတ်ပြလေသည်
"ဒီဘောပင်က အသံလည်းသွင်းလို့ရတယ် Jangsukကို မယုံလို့ ငါ ဝယ်ထားမိတာ မှန်သွားတယ် "
Chaeyoungပြောပြီး ဘောပင်ခလုတ်ကိုနှိပ်လိုက်တော့ Jennieကို လုပ်ကြံဖို့ ကြိုးစားနေတဲ့
Jangsukရဲ့ စကားများကို ကြားရလေသည်"Jennie Kim သူ့အမေအိမ်ကနေ ပြန်လာလိမ့်မယ် လမ်းမှာ မင်းတို့က သူ့ကို တားပြီး ဆေးထိုး ငါ့အိမ်ထဲ ဖမ်းခေါ်လာခဲ့... companyကနေ ပြန်လာပြီး..ငါ စောင့်နေမယ် ကြားလား ... "
Jangsukရဲ့ စကားတွေ ကြားရတော့ Jennie ဒေါသတွေထွက်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်
"ပြီးတော့....နင့်အမေ သေဆုံးကြောင်း ဆေးရုံမှာ ကြော်ငြာပြီး နင်သတိမေ့သွားတော့ ဆရာဝန်နဲ့ ငါ စကားပြောဖြစ်တယ် Mrs. Kimက အစာအဆိပ်သင့်သွားတယ်လို့ပြောခဲ့တယ် ဒါကြောင့်မို့ ငါ ဆက်စပ်တွေးမိတော့ Mrs. Kim သေဆုံးရခြင်းကလည်း သူ့ပယောဂ မကင်းဘူးလို့ ငါထင်တယ် Jen. ...."
