ဆူးမင်း ကျောင်းမှာမရှိတဲ့ အတောအတွင်းမှာ နန်းမေတစ်ယောက် စာသင်ခန်းလည်းမသွား ကျောင်းကောင်စီအလုပ်ကို နည်းနည်းလုပ်ပြီး ပလစ်ထားလိုက်ပြီး နေချင်သလိုနေ ဖြစ်ချင်တိုင်းဖြစ်နေသည်။
အခုနန်းမေကကျောင်း ခေါင်မိုးထပ်မှာ နံရံကိုမှီပြီး မုန့်တွေတစ်ထုပ်ပြီး တစ်ထုပ်စား နေတုန်းမှာ သူ့ကိုကြည့်သလို ခံစားမိတော့ အပေါ်ကိုမော့ကြည့်လိုက်သည်။
"ဟိုင်း"
ဆိုပြီး မင်းတေဇောက မျက်ခုံးပင့်ပြီးနှုတ်ဆက်လိုက်သည်။
"ဟီးဟီး...ဟယ်လို"
ပြောပြီးထွက်ပြေးဖို့လုပ်နေတဲ့ နန်းမေ၏ အင်္ကျီကုတ်ကို အလျင်အမြန်ဖမ်းလိုက်သည်။
"လွှတ်ပါတော့လေ....ငါအင်္ကျီစ..ကိုလွှတ်တော့! ဒီမှာ..လည်းပင်း..တင့်နေပြီးဘယ်...အဟွက်....အဟွက်"
မင်းတေဇောက သူ့အားများသွားတာကြောင့် အပြစ်ရှိတဲ့မျက်နှာနဲ့ မေးလိုက်သည်။
"အရမ်းနာနေလား"
"နာတာပေါ့ ငါနေရာမှာနင်ခံကြည့်ပါလား!"
ဒေါသတကြီးနဲ့ပြောနေတဲ့ နန်းမေက သိချင်စိတ်နဲ့ လည်းပင်းပွတ်ကာ ပြန်မေးလိုက်သည်။
"နေဦး..နင်ဘယ်တုံးက အားကြီးသွားသလဲ"
"ငါကိုစိတ်မဆိုးနဲ့ကွာ ပြောရရင်အရှည်ကြီးဘဲ"
"မပြောနဲ့တော့"
"နင်သိချင်ရင် ငါပြောမယ်လေ"
"အင်း...ပြော"
"ဟိုအဖိုးကြီး(ဆူးမင်း)က နင့်ကိုစောင့်ကြည့်ခိုင်းထားတယ် အဲ့တာကြောင့် ငါလေ့ကျင့်ကွင်းကို နေ့တိုင်းဆင်းနေရတယ်ကွာ"
"ငါထင်သာလေဘဲ ကျောင်းမှာ ဆရာဆူမရှိတာနဲ့ ငါကဘဲ မဟုတ်ဟုတ်ကလုပ်မှာကိုကြ နေတာဘဲ ကျောင်းမှာ စပိုင်တွေ လွှတ်တာမကာ အပြင်မှာတောင် စပိုင်တွေ လွှတ်လိုက်သေးတယ်"
"နန်းမေ နင်ခုနကဘာပြောလဲ ပြန်ပြောစမ်း ကျောင်းမှာဘာဖြစ်တာလဲ"
DU LIEST GERADE
Fantasyအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2