ဆူးမင်းတစ်ယောက် အိမ်တံခါးဖွင့်ဝင်ပြီး ဖိနပ်စင်မှာ ဖိနပ်နှစ်ရံ ပိုနေတာကိုကြည့်ပြီး ဧည့်သည်ရောက် လာမှန်းသိလိုက်သည်။
ဧည့်ခန်းကို ရောက်တော့မည်သူမှမရှိ မီးဖိုချောင်ဘက်မှာ အသံကြားတော့
ကော်ဖီဖျော်ရမလား လက်ဖက်ရည်ရမလား ရွေးနေတဲ့ မင်းသိုက်ခိုက်က ဆူးမင်းကိုမြင်တော့
"ဪ..အကိုဆူးမင်း ပြန်လာပြီးလား"
"အင့် အလုပ်တွက် ပစ္စည်းကျန်လို့လာယူတာပါ အကို အိမ်ပြန်တာ ညနက်မယ်နော် ဟိုညစာက... "
"အင်းပါ ညစာကကျွန်တော်ဘဲချက်လိုက်မယ် ဘာမပူပါနဲ့ "
"ဒါနဲ့ မင်းသိုက် ဘယ်သူရောက်နေလို့လဲ"
"အိမ်မှာစာလုပ်ဖို့ သင်းရနံ့နဲ့ထက်ရန်း တို့ရောက်နေတယ်လေ"
ထက်ရန်းဆိုတဲ့ နာမည်ကြားတော့ဆူးမင်းကို မျက်ခုံးကြုတ်စေသည်။
"အတော်ဘဲ အကိုဆူးမင်း ကော်ဖီနဲ့ လက်ဖက်ရည် ဘယ်ဟာကိုဖျော်ရင်ကောင်းမလဲ ရွေးပေးပါ"
"လက်ဖက်ရည် ဆိုဘယ်လိုလဲ"
"ကောင်းတယ်"
ဆူးမင်းက မင်းသိုက်ခိုက်နဲ့ စကားပြောပြီး အိမ်ပေါ်တက်သွားသည်။ သူအိမ်ပေါ်ထပ်ရောက်ပြီးမှ မင်းသိုက်ခိုက်သက်ပြင်းချကာ
'တော်သေးလို့ အချိန်မိရောက်လာလို့ ငါအပြင်ထွက်တာသိသွားရင်တော့ မတွေးဝံ့စရာဘဲ'
ဆူးမင်းက ပစ္စည်းကို အခန်းထဲဝင်ယူပြီးအထွက်မှာ မျက်စောင်းထိုးအခန်းကနန်းမေအသံထွက်လာသည်။
"ဒေါက်...ဒေါက်"
ဆူးမင်းကတံခါးခေါက်ပြီးဝင်လာသည်။"ဘယ်လိုလဲ စာလုပ်တာအဆင်ပြေလား"
"ဆရာဆူ အဆင်ပြေပါတယ်"
သင်းရနံ့ကဖြေလိုက်တယ်"နန်းမေ ညည်းရော"
"အင်းပြေတယ်"
"မင်းရော"
အေးတီအေးစက်နဲ့မေးလိုက်သည်။"ကျွန်တော်အဆင်ပြေပါတယ်"
ယဥ်ကျေးပုံဖြင့်ပြောလိုက်သည်။
ESTÁS LEYENDO
Fantasíaအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2